သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
ထို ရုပ် တု သည် ထမ်း ဆောင် ခြင်း၊ ချီ ဆောင် ခြင်း ခံ လျက် ချ ထား ရာ မှ မ ရွေ့ နိုင် ဘဲ၊ တည် မြဲ တည် ရ၏။ ခေါ် သော် လည်း မ ထူး။ ဒု က္ခ ရောက် သော် လည်း မ ကယ် နိုင် ချေ။
ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။
ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
ဆင်းရဲသားမူကား မဆွေးမြည့်နိုင်သောသစ်သားကိုရွေးယူပြီးလျှင် မလဲနိုင်သောရုပ်တုကို ထုလုပ်ပေးရန် ကျွမ်းကျင်သောပန်းပုဆရာကို ရှာဖွေတတ်၏။
ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှမရှိ။ ငါမေးမြန်းသောအခါ သူတို့ထဲတွင် ပြန်ဖြေကြားနိုင်သောသူ တစ်ယောက်မျှမရှိ၊ အကြံပေးနိုင်သောသူ တစ်ယောက်မျှမရှိ။
သူတို့အားလုံးသည် အနတ္တသက်သက်၊ သူတို့ပြုသောအမှုတို့သည် အချည်းနှီးသက်သက်၊ သူတို့သွန်းလုပ်သောရုပ်တုတို့သည် အလဟဿ၊ အချည်းနှီးဖြစ်၏။
ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။
ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ဗေလဘုရားသည် ညွတ်တွားရလေပြီ။ နေဗောဘုရားသည် ခါးကိုင်းရလေပြီ။ ထိုဘုရားရုပ်တုတို့ကို တောရိုင်းတိရစ္ဆာန်များ၊ သိုးနွားတိရစ္ဆာန်များအပေါ် တင်ကြ၏။ သင်တို့ယူဆောင်သောထိုအရာတို့သည် တိရစ္ဆာန်တို့အတွက် လေးလံစွာထမ်းရသောဝန်ထုပ်ဝန်ပိုးများဖြစ်ကြ၏။
သင့်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ပေးခဲ့သူ၊ သင်ငယ်စဉ်ကတည်းက သင်နှင့်ရောင်းဝယ်ဖောက်ကားခဲ့သူတို့သည် ထိုသို့ဖြစ်လိမ့်မည်။ သူတို့သည် အသီးသီး ခြေဦးတည့်ရာသို့ လှည့်လည်သွားလာရကြ၍ သင့်ကိုကယ်တင်နိုင်မည်မဟုတ်။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့သည် နံ့သာပေါင်းဖြင့်မီးရှို့ပူဇော်ရသော အခြားဘုရားများထံသို့သွား၍ အော်ဟစ်ကြလိမ့်မည်။ သို့သော် ဘေးအန္တရာယ်ရောက်ချိန်၌ ထိုဘုရားတို့သည် သူတို့ကိုကယ်တင်လိမ့်မည်မဟုတ်။
သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
တစ်နေ့တွင် နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်ခြောက်တောင်ရှိသော ရွှေရုပ်တုတစ်ခုကို ထုလုပ်ပြီး ဘေဘီလုံနယ်မြေရှိ ဒုရလွင်ပြင်၌ ထားရှိ၍
သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။
နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။