ဟေရှာယ 40:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဆင်းရဲသားမူကား မဆွေးမြည့်နိုင်သောသစ်သားကိုရွေးယူပြီးလျှင် မလဲနိုင်သောရုပ်တုကို ထုလုပ်ပေးရန် ကျွမ်းကျင်သောပန်းပုဆရာကို ရှာဖွေတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။ သူသည်မြဲမြံစွာရပ်တည်နိုင်သည့် ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible20 မ ပူ ဇော် နိုင် သော ဆင်း ရဲ သား များ မှာ မူ ဆွေး မြေ့ ခဲ သော သစ် တုံး ကို ရွေး ချယ် ပြီး မှ ရုပ် တု ကို ခိုင် ခံ့ စွာ တည် လုပ် စေ ခြင်း ငှာ ကျွမ်း ကျင် သူ ပန်း ပု တစ် ယောက် ကို ရှာ တတ် သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible20 အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။