Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 18:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထိုအခါ ဧလိယ​က လူ​တို့​အား “​ဗာလ​ဘုရား​၏​ပရောဖက်​တို့​ကို ဖမ်းဆီး​ပါ​။ တစ်ယောက်​မျှ​မ​လွတ်​စေ​နှင့်​”​ဟု ဆို​လျှင် လူ​တို့​က သူ​တို့​ကို ဖမ်းဆီး​လေ​၏​။ ဧလိယ​သည် သူ​တို့​ကို ကိရှုန်​ချောင်း​သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ကွပ်မျက်​လိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 ဧ လိ ယ က၊ ဗာ လ၏ ပ ရော ဖက် တို့ ကို တစ် ယောက် မျှ မ လွတ် စေ ဘဲ ဖမ်း ဆီး ကြ လော့ ဟု အ မိန့် ပေး သည့် အ တိုင်း ဖမ်း ဆီး ကြ ပြီး လျှင် ဧ လိ ယ သည် ကိ ရှုန် ချောင်း သို့ ထုတ် သွား ၍ ကွပ် မျက် လေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 18:40
17 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဧလိယ​က အာဟပ်​မင်းကြီး​အား “​တက်သွား​ပြီး စား​သောက်​ပါ​လော့​။ မိုးသည်းထန်​စွာ​ရွာ​မည့်​အသံ ကြား​ရ​ပြီ​”​ဟု ဆို​၏​။


အာဟပ်​မင်းကြီး​သည် ဧလိယ​ပြု​ခဲ့​သော​အကြောင်းအရာ​အလုံးစုံ​နှင့် ပရောဖက်​အားလုံး​ကို ဓား​နှင့်​ကွပ်မျက်​ခဲ့​ပုံ​အလုံးစုံ​တို့​ကို ယေဇဗေလ​အား ပြောပြ​သောအခါ


ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို အကုန်အစင်​ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။ ယောယဒ​သည် ထာဝရဘုရား​၏​အိမ်​တော်​တွင် အစောင့်​များ​ကို ချထား​ပြီးလျှင်


သူ့​ကို​ဖမ်းချုပ်​ခေါ်ဆောင်​သွား​ပြီး ဘုရင့်​နန်းတွင်း မြင်း​ဝင်ရာ​တံခါးဝ​သို့​ရောက်​သောအခါ သူ့​ကို ကွပ်မျက်​လိုက်​ကြ​လေ​၏​။


ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး သူ​၏​ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။


ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ကို ယဇ်ပူဇော်​သော​သူ​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ထာဝရဘုရား​၏​အမှု​တော်​ကို လုံ့လစိုက်​၍ မ​လုပ်ဆောင်​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​။ လူ​ကို​မ​သတ်​ဘဲ မိမိ​၏​ဓား​ကို ပြန်ရုပ်သိမ်း​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။


ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ အီဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​သော​၊ ကျွန်ခံရာ​အိမ်​မှ​သင်​တို့​ကို​ရွေးနုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပုန်ကန်​ပြောဆို​၍ သင်​တို့​လိုက်လျှောက်​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​လမ်း​မှ သင်​တို့​ကို​လွဲသွား​စေ​သောကြောင့် သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


သင်​၏​မအေတူဖအေကွဲ​ညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့်


ပရောဖက်​တစ်ပါးပါး​သည် အတင့်ရဲ​၍ ငါ​မ​မိန့်မှာ​ထား​သော​စကား​ကို ငါ့​နာမ​ဖြင့် ဆင့်ဆို​လျှင်​ဖြစ်စေ​၊ အခြား​သော​ဘုရား​၏​နာမ​ဖြင့်​ဆင့်ဆို​လျှင်​ဖြစ်စေ ထို​ပရောဖက်​သည် အသတ်​ခံရ​မည်​’​ဟု မိန့်​တော်မူ​၏​။


သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


သိသရ​သည် သူ​၏​စစ်ရထား​အားလုံး​၊ သံ​စစ်ရထား​ကိုး​ရာ​နှင့် မိမိ​လူ​အပေါင်း​တို့​ကို စုစည်း​ပြီးလျှင် ဟာရောရှက်​ဟာဂေါအိမ်​မြို့​မှ ကိရှုန်​မြစ်​သို့ ချီတက်​ကြ​၏​။


ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။


ကိရှုန်​မြစ်​၊ ရှေးကတည်းက​ရှိ​ခဲ့​သော​မြစ်​ဖြစ်​သည့်​ကိရှုန်​မြစ်​သည် သူ​တို့​ကို တိုက်ချ​သွား​ပြီ​။ အို ငါ့​ဝိညာဉ်​၊ ခွန်အားအပြည့်​နှင့်​ချီတက်​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ