၁ ရာ 5:3 - မြန်မာ့စံမီသမ္မာကျမ်း3 နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 နောက်တစ်နေ့နံနက်စောစော၌ဒါဂုန်ရုပ်တု သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ရှေ့တွင် မှောက်လျက်လဲကျနေသည်ကိုအာဇုတ် မြို့သားတို့မြင်ရကြ၏။ သို့ဖြစ်၍သူတို့သည် ထိုရုပ်တုကိုထူပြီးလျှင်တစ်ဖန်မူရင်းနေ ရာတွင်ပြန်ထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 နောက် နေ့ နံ နက် အ ချိန် အာ ဇုတ် မြို့ သူ မြို့ သား တို့ ထ ကြ လျှင် ဒါ ဂုန် သည် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ မှောက် လဲ လျက် ရှိ သည် ကို တွေ့ ကြ သ ဖြင့် ယူ မ၍ နေ ရာ ရင်း တွင် တည် ထား ကြ ပြန် ၏။ အခန်းကိုကြည့်ပါ။Judson Bible3 အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထားပြန်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။