အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
ဟေရှာယ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။- Judson Bible ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကိုဆေးကြော၍၊ ယေရုရှလင်မြို့၏အသွေးကို မြို့ထဲက ပယ်ရှားတော်မူပြီးလျှင်၊ ဇိအုန် တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ |
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။”
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
တရားပလ္လင်ပေါ်ထိုင်သောသူအတွက် တရားမျှတခြင်းဝိညာဉ်၊ မြို့တံခါး၌ ရန်သူကိုတွန်းလှန်သောသူတို့အတွက် ရဲစွမ်းသတ္တိ ဖြစ်တော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမျက်တော်ကြောင့် ပြည်သည် မီးသင့်၍ လူတို့သည် လောင်စာကဲ့သို့ဖြစ်ကြလိမ့်မည်။ မည်သူမျှ မိမိညီအစ်ကိုကို မသနား။
စစ်မြေပြင်၌စီးသောစစ်သည်ဖိနပ်၊ သွေးလူးသောအဝတ်ရှိသမျှတို့သည် လောင်စာဖြစ်ရကြလိမ့်မည်။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
သင်တို့ကို မသန့်ရှင်းသောအပြုအမူများမှ ကယ်တင်မည်။ ကောက်ပဲသီးနှံများကိုလည်း ပေါများစေမည်။ သင်တို့ကို ငတ်မွတ်ခြင်းဘေးနှင့် ကြုံစေမည်မဟုတ်။
အပြစ်ဒဏ်မခံရသေးသောလူသတ်သမားတို့ကို ငါအပြစ်ဒဏ်ပေးမည်။ စင်စစ် ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။”
ပုန်ကန်တတ်သောမြို့၊ ညစ်ညူးသောမြို့၊ နိုင်ထက်စီးနင်းပြုတတ်သောမြို့သည် အမင်္ဂလာရှိ၏။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။