ယေဇကျေလ 36:29 - မြန်မာ့စံမီသမ္မာကျမ်း29 သင်တို့ကို မသန့်ရှင်းသောအပြုအမူများမှ ကယ်တင်မည်။ ကောက်ပဲသီးနှံများကိုလည်း ပေါများစေမည်။ သင်တို့ကို ငတ်မွတ်ခြင်းဘေးနှင့် ကြုံစေမည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible29 သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။- အခန်းကိုကြည့်ပါ။Garrad Bible29-30 ငါ သည် သင် တို့ ကို အ ညစ် အ ကြေး အ မျိုး မျိုး မှ ကယ် တင် ၍၊ လူ မျိုး ခြား တို့ ရှေ့၊ မွတ် သိပ် ခြင်း ကြောင့် ကဲ့ ရဲ့ မ ခံ ရ အံ့ သော ငှာ၊ အ စာ ခေါင်း ပါး ခြင်း ကပ် မ သင့် စေ ဘဲ၊ ဆန် စ ပါး ကို အ မိန့် ပေး လျက် တိုး ပွား စေ မည့် ပြင်၊ သစ် သီး နှင့် မြေ ထွက် များ ကို လည်း၊ တိုး ပွား စေ မည်။ အခန်းကိုကြည့်ပါ။Judson Bible29 သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှာ၊ ဆန်စပါးကိုမှာလိုက်၍ များပြားစေမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။