Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 3:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အပြစ်ဒဏ်​မ​ခံရ​သေး​သော​လူသတ်သမား​တို့​ကို ငါ​အပြစ်ဒဏ်​ပေး​မည်​။ စင်စစ် ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ်တွင် ကိန်းဝပ်​တော်မူ​၏​။”

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဇိ အုန် မြို့၌ စံ နေ သော ငါ ထာ ဝ ရ ဘု ရား သည်။ အ ပြစ် ကင်း ခြင်း အ ပြစ် မ ထင် ရှေး သေး သော ထို သူ တို့ ကို၊ အ ပြစ် ကင်း သည် ဟု စီ ရင် မည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​မြို့​သား​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် မ​ပေး​သေး​သော​ဒဏ်​ကို တစ်​ဖန်​ပေး​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သ​တည်း။ ပ​ရော​ဖက်​ယော​လ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 3:21
8 ပူးပေါင်းရင်းမြစ်များ  

ဘုရားရှင်​သည် တရားစီရင်​ခြင်း​ဝိညာဉ်​၊ လောင်ကျွမ်း​ခြင်း​ဝိညာဉ်​တို့​ဖြင့် ဇိအုန်​သမီး​တို့​၏​အညစ်အကြေး​ကို​ဆေးကြော​၍ ဂျေရုဆလင်​မြို့​ထဲ​မှ သွေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


သင်​တို့​ကို မသန့်ရှင်း​သော​အပြုအမူ​များ​မှ ကယ်တင်​မည်​။ ကောက်ပဲသီးနှံ​များ​ကို​လည်း ပေါများ​စေ​မည်​။ သင်​တို့​ကို ငတ်မွတ်​ခြင်း​ဘေး​နှင့် ကြုံ​စေ​မည်​မ​ဟုတ်​။


မြို့​ပတ်ပတ်လည်​သည် အတောင်​တစ်သောင်းရှစ်ထောင်​ကျယ်​၏​။ ထို​နေ့​မှစ၍ ထို​မြို့​၏​အမည်​ကို “​ထာဝရဘုရား စံ​တော်မူ​ရာ​”​ဟု ခေါ်တွင်​ရ​မည်​။


သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။


“ဤသို့ဖြင့် ငါ​သည် သန့်ရှင်း​ရာ​တောင်​တော် ဇိအုန်​တွင် ကိန်းဝပ်​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် သန့်ရှင်း​သော​မြို့ ဖြစ်​လိမ့်မည်​။ တစ်ပါးအမျိုးသား​တို့​သည် ထို​မြို့​ကို ဘယ်သောအခါမှ ကျော်နင်း​ခွင့်​ရ​ကြ​တော့​မည်​မ​ဟုတ်​။


လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။


ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ