ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ဟေရှာယ 37:4 - မြန်မာ့စံမီသမ္မာကျမ်း ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။ Common Language Bible အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။ Judson Bible အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊ |
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
အို အစ္စရေး၊ သင်၏လူမျိုးသည် ပင်လယ်သဲပွင့်နှင့်အမျှများသော်လည်း အကြွင်းအကျန်သာ ပြန်လာကြလိမ့်မည်။ သုတ်သင်ဖျက်ဆီးခြင်းကို စီရင်တော်မူပြီ။ ဖြောင့်မတ်ခြင်း လွှမ်းမိုးလေပြီ။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ထို့နောက် ရာဗရှာခသည် မတ်တတ်ရပ်၍ ယုဒဘာသာစကားဖြင့် “အဆီးရီးယားဘုရင်မင်းမြတ်ကြီး၏အမိန့်တော်ကို နားထောင်ကြလော့။
ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။ မည်သည့်လူမျိုးတစ်မျိုးမျိုး၏ဘုရားတို့သည် မိမိပြည်ကို အဆီးရီးယားဘုရင်၏လက်မှ ကယ်နုတ်နိုင်ခဲ့သနည်း။
ဤပြည်တို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိပြည်ကို ငါ့လက်မှကယ်နုတ်နိုင်ခဲ့သနည်း။ ထာဝရဘုရားသည်လည်း ဂျေရုဆလင်မြို့ကို ငါ့လက်မှ ကယ်နုတ်နိုင်မည်လော’ဟူ၍ မိန့်ဆိုသည်”ဟု အသံကျယ်လောင်စွာအော်ဟစ်လေ၏။
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းကြီး ပေးပို့လိုက်သည့် အသက်ရှင်တော်မူသောဘုရားသခင်အား စော်ကားပြောဆိုသောစကားအလုံးစုံကို နားထောင်တော်မူပါ။
အသက်ဘေးမှလွတ်မြောက်၍ ကြွင်းကျန်သောယုဒအမျိုးအနွယ်သည် အောက်ဘက်တွင် ပြန်၍အမြစ်စွဲမည်။ အပေါ်ဘက်တွင် ပြန်၍အသီးသီးမည်။
ကြွင်းကျန်သောသူတို့သည် ဂျေရုဆလင်မြို့မှလည်းကောင်း၊ လွတ်မြောက်သောသူတို့သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ထွက်ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကိုပြုတော်မူမည်။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ ကြွင်းကျန်သောအစ္စရေးအမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဝမ်းဗိုက်ထဲကပင် သင့်ကို ငါလွယ်ထား၏။ မွေးစကပင် သင့်ကို ငါချီမထား၏။
ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။
ထို့ကြောင့် အစ္စရေးအမျိုးသားတို့က ရှမွေလအား “အကျွန်ုပ်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှကယ်နုတ်တော်မူပါမည့်အကြောင်း အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ အကျွန်ုပ်တို့အဖို့ ဆက်လက်ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။