အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 37:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​၊ ကျောက်​များ​သာ​ဖြစ်​သောကြောင့် ပျက်စီး​ကြ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ပြည် ပြည် ကို၊ မြေ ပါ ဖျက် ဆီး၍ ဆိုင် ရာ ဘု ရား များ ကို လည်း မီး ထဲ သို့ ပစ် လိုက် ကြ ပြီ။ ဘု ရား မ ဟုတ်၊ လူ့ လက် ဖြင့် ထု လုပ် သော သစ် သား နှင့် ကျောက် ဖြစ်၍၊ ပျက် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့်၊ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 37:19
25 ပူးပေါင်းရင်းမြစ်များ  

ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့ စွန့်ထား​ခဲ့​သော သူ​တို့​၏​ရုပ်တု​များ​ကို ဒါဝိဒ်​မင်းကြီး​နှင့်​သူ့​လူ​တို့​သယ်သွား​ကြ​၏​။


ထို​သူ​တို့​ပြုလုပ်​ထား​သော နွားသငယ်ရုပ်တု​ကို​လည်း ယူ​၍ မီး​ရှို့​အမှုန့်​ကြိတ်​ပြီးလျှင် ရေ​ပေါ်သို့​ကြဲ​၍ အစ္စရေး​အမျိုးသား​တို့​ကို သောက်​စေ​၏​။


သို့သော် သူ​သည် ထိုသို့​မ​ကြံရွယ်​။ သူ​၏​စိတ်နှလုံး​သည် ထိုသို့​မ​စဉ်းစား​။ သူ​၏​စိတ်နှလုံး​ထဲ၌ လူမျိုး​များစွာ​တို့​ကို ဖျက်ဆီး​ပယ်ရှား​ရန် ကြံရွယ်​၏​။


မိမိ​လက်​နှင့်​လုပ်​သော ယဇ်ပလ္လင်​တို့​ကို မျှော်ကြည့်​မည်​မ​ဟုတ်​။ မိမိ​လက်ချောင်း​နှင့်​လုပ်​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖူးမြင်​မည်​မ​ဟုတ်​။


သူ​တို့​ပြည်​သည် ရုပ်တု​များ​နှင့်​ပြည့်​၍ သူ​တို့​သည် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​၊ မိမိ​တို့​လက်ချောင်း​များ​ဖြင့် ပြုလုပ်​သော​အရာ​တို့​ကို ရှိခိုးကိုးကွယ်​ကြ​၏​။


သေ​သော​သူ​တို့​သည် ပြန်​မ​ရှင်​။ သေသောသူ​တို့​၏​ဝိညာဉ်​သည် မ​ထမြောက်​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​အပြစ်ဒဏ်​ပေး​၍ ဖျက်ဆီး​တော်မူ​၏​။ သူ​တို့​နှင့်ဆိုင်သည့်​အမှတ်တရ​အားလုံး​ကို ဖယ်ရှား​တော်မူ​၏​။


သင်​တို့​သည် ဘာမျှမဟုတ်​သော​အရာ​ဖြစ်​၏​။ သင်​တို့​၏​လုပ်ဆောင်ချက်​သည် အချည်းနှီးသက်သက်​ဖြစ်​၏​။ သင်​တို့​ကို ရွေးချယ်​သော​သူ​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


သူ​တို့​အားလုံး​သည် အနတ္တသက်သက်​၊ သူ​တို့​ပြု​သော​အမှု​တို့​သည် အချည်းနှီးသက်သက်​၊ သူ​တို့​သွန်းလုပ်သောရုပ်တု​တို့​သည် အလဟဿ​၊ အချည်းနှီး​ဖြစ်​၏​။


ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။


သူ​သည် ကျန်တစ်ပိုင်း​ဖြင့် သူ​၏​ဘုရား​ဖြစ်​သော ရုပ်တုဆင်းတု​ကို ထုလုပ်​တတ်​၏​။ ထို​ရုပ်တု​ကို ပျပ်ဝပ်​ကိုးကွယ်​လျက် ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​’​ဟု ဆုတောင်း​တတ်​၏​။


ပြည်သူပြည်သား​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​များ​ကို ရှိခိုးကိုးကွယ်​သောကြောင့် ငါ​သည် သူ​တို့​၏​မကောင်းမှု​အားလုံး​အတွက် တရားစီရင်ချက်​ကို ချမှတ်​ကြေညာ​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။


လူ​သည် ကိုယ့်​အဖို့ ဘုရား​ကို ပြုလုပ်​နိုင်​သလော​။ ပြုလုပ်​နိုင်​လျှင်​လည်း ဘုရား​စစ်​မ​ဟုတ်​။


လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။


သူ​သည် ထို​သူ​တို့ သွန်းလုပ်​သော​ဘုရား​ရုပ်တု​များ​၊ ရွှေ​ငွေ​စသော​အဖိုးတန်​အသုံးအဆောင်​များ​ကို အီဂျစ်​ပြည်​သို့ သိမ်းယူ​သွား​လိမ့်မည်​။ ထို့နောက်မှ မြောက်​ဘုရင်​နှင့် နှစ်​ပေါင်း​အတန်ကြာ​ကင်းကွာ​နေ​လိမ့်မည်​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


အကယ်စင်စစ် ထို​ရုပ်တု​သည် အစ္စရေး​ထံမှ အစပြု​ခဲ့​၏​။ လက်မှုပညာသည်​က ထုလုပ်​သည်​ဖြစ်၍ ဘုရား မ​ဟုတ်​။ ရှမာရိ​အမျိုး​၏​နွားသငယ်ရုပ်တု​သည် တစ်စစီ​ကျိုးပဲ့​ရ​လိမ့်မည်​။


သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။