ဟောရှေ 8:6 - မြန်မာ့စံမီသမ္မာကျမ်း6 အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ဘု ရား မ ဟုတ်၊ ပန်း တည်း သွန်း၍၊ ခွဲ စိတ် ခြင်း ခံ ရ လ တ္တံ့ သော ရှ မာ ရိ နွား ရုပ် သည်၊ ဣ သ ရေ လ အ မျိုး၏ အ ကြံ အ စည် တည်း။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။