ဟေရှာယ 44:17 - မြန်မာ့စံမီသမ္မာကျမ်း17 သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ကျန် တစ် ဝက် ကို ကိုယ့် ဘု ရား အ ဖြစ် ရုပ် ပွား ဆင်း တု လုပ် ပြီး လျှင် ပျပ် ဝပ် ရှိ ခိုး ရာ ကိုယ် တော် သည် အ ကျွန်ုပ် ဘု ရား ဖြစ် တော် မူ ပါ၏။ ကယ် တော် မူ ပါ ဟူ၍ လည်း ကောင်း ဆို လေ့ ရှိ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible17 ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။