ဟေရှာယ 37:20 - မြန်မာ့စံမီသမ္မာကျမ်း20 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 သို့ ဖြစ် သော ကြောင့် အ ကျွန်ုပ် တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မြေ တစ် ပြင် လုံး ရှိ တိုင်း နိုင် ငံ တ ကာ တို့ သည် ကိုယ် တော် တစ် ဆူ တည်း သာ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ မှတ် ကြ စေ ရန်၊ ထို ဘု ရင့် လက် မှ အ ကျွန်ုပ် တို့ ကို လွတ် မြောက် စေ တော် မူ ပါ ဟု၊ ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 အို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။ အခန်းကိုကြည့်ပါ။ |
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ထာဝရဘုရားထံ အကျွန်ုပ်တောင်းလျှောက်သော ဤဆုတောင်းချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ နေ့ညမပြတ်ရောက်ရှိပါစေသော။ နေ့စဉ်နှင့်အမျှ ကြုံနေရသော ကိုယ်တော့်အစေအပါး၏အမှုကိစ္စများနှင့် ကိုယ်တော့်လူမျိုးတော်အစ္စရေးတို့၏အမှုကိစ္စများကိုလည်း စီရင်ပေးသနားတော်မူပါစေသော။