သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
သင် သည် ရှု ချင် ဖွယ် ဘု ရင် ကို ဒိ ဋ္ဌ ဖူး မြင် ခွင့်၊ ကျယ် ဝန်း သော ပြည် ကို ကြည့် မြင် ခွင့်၊
သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်းအသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်။
ထာဝရဘုရားထံပူဇော်ရန် ဘောဇဉ်ပူဇော်သက္ကာများ၊ ယုဒဘုရင်ဟေဇကိမင်းကြီးအဖို့ အဖိုးတန်သောလက်ဆောင်ပဏ္ဏာများကို ဂျေရုဆလင်မြို့သို့ယူဆောင်လာပေးသောသူ အများအပြားရှိ၏။ ထိုအချိန်မှစ၍ ဟေဇကိမင်းကြီးသည် လူမျိုးအပေါင်းတို့ရှေ့၌ ချီးမြှောက်ခြင်းခံရ၏။
ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။ ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။
“အကျွန်ုပ်ချစ်သူသည် စိုပြည်နီမြန်းသောအသားအရောင်ရှိပါ၏။ လူတစ်သောင်းအလယ်တွင်ပင် ထင်းကနဲပေါ်လွင်သူဖြစ်ပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေခြင်းဖြင့် ဘုန်းတော်ကိုထင်ရှားစေတော်မူပြီ။ ပြည်တော်၏နယ်နိမိတ်အားလုံးကို ပို၍ကျယ်ဝန်းစေတော်မူပြီ။
ထိုအရပ်၌ တန်ခိုးကြီးသောထာဝရဘုရားသည် ငါတို့အတွက် မြစ်ကြီး၊ ချောင်းကြီးများ ဖြစ်တော်မူမည်။ ထိုနေရာတွင် တက်ခတ်လှေလည်း မသွားနိုင်၊ သင်္ဘောကြီးလည်း ဖြတ်မကူးနိုင်။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ထို့ကြောင့် ငါတို့သည် မြင်ရသောအရာတို့ကို အာရုံမစိုက်ဘဲ မမြင်ရသောအရာတို့ကို အာရုံစိုက်ကြ၏။ အကြောင်းမူကား မြင်ရသောအရာတို့သည် ခဏသာတည်၍ မမြင်ရသောအရာတို့သည် ထာဝရတည်၏။
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။