သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
ဟေရှာယ 32:18 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။ Common Language Bible ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။- Garrad Bible ငါ့ လူ မျိုး ချင်း တို့ သည် လုံ ခြုံ ရာ အ ရပ်၊ စိတ် ချ ရာ ဌာ န၊ ချမ်း သာ ရာ သိုက် မြုံ၌၊ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။ Judson Bible ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။ |
သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် သင်၏ဝမ်းနည်းပူဆွေးခြင်း၊ ဆင်းရဲဒုက္ခ၊ အလုပ်ကြမ်းလုပ်ရခြင်းတို့မှ သင့်အားလွတ်ငြိမ်းချမ်းသာခွင့်ကိုပေးတော်မူ၍
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။
စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။
“ဤအရပ်သည် နားနေရာအရပ်ဖြစ်၏။ မောပန်းသောသူတို့သည် အနားယူကြစေ။ ဤအရပ်သည် ငြိမ်းချမ်းရာအရပ်ဖြစ်၏”ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်လိုကြ။
အကယ်စင်စစ် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် နောင်တရ၍ ငြိမ်းချမ်းစွာနေလျှင် ကယ်တင်ခြင်းခံရမည်။ ငြိမ်ဝပ်ခြင်းသည် သင်တို့၏ခွန်အား၊ ယုံကြည်ခြင်းသည် သင်တို့၏ခွန်အားဖြစ်မည်”ဟု မိန့်တော်မူ၏။ သို့သော် သင်တို့သည် ထိုသို့ အလိုမရှိကြ။
ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
သူတို့သည် အိမ်ကိုဆောက်ပြီး နေထိုင်ကြမည်။ စပျစ်ခြံကိုလည်းစိုက်ပြီး အသီးကိုစားကြမည်။
ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။
ထိုနေ့၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဂျေရုဆလင်မြို့သူမြို့သားတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုမြို့အား ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရားဟူ၍ ခေါ်ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် လူမျိုးတကာတို့၏သားကောင် ဖြစ်တော့မည်မဟုတ်။ ထိုပြည်ရှိသားရဲတိရစ္ဆာန်တို့လည်း သူတို့ကို ကိုက်စားကြတော့မည်မဟုတ်။ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ကိုခြိမ်းခြောက်မည့်သူ ရှိတော့မည်မဟုတ်။
ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။
သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။