ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
ဟေရှာယ 30:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။ Common Language Bible သူတို့သည်ငါ၏ထံမှအကြံဉာဏ်ကိုမ တောင်းခံဘဲ အီဂျစ်ပြည်သို့သွား၍အကူ အညီတောင်းခံကြ၏။ အီဂျစ်ပြည်၏ကာ ကွယ်စောင့်ရှောက်မှုကိုအလိုရှိသဖြင့် သူတို့ သည်အီဂျစ်ဘုရင်ကိုယုံကြည်ကိုးစား ကြ၏။- Judson Bible ဖာရောဘုရင်၏ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှာ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။ |
ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
ကြည့်ရှုလော့။ ယခု သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။
သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။
အီသီယိုးပီးယားမြစ်များတစ်ဖက်ရှိ တောင်ပံသံတဝီဝီမြည်သောပြည်သည် အမင်္ဂလာရှိ၏။
ကြည့်ရှုလော့။ သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။
စစ်ရထား၊ မြင်းစီးသူရဲတို့ရရှိဖို့ အီဂျစ်ပြည်ကို ကိုးစားသော သင်က ငါ့သခင်၏မင်းမှုထမ်းများထဲမှ အနိမ့်ဆုံးအရာရှိတစ်ယောက်ကိုပင် ရင်ဆိုင်တွန်းလှန်နိုင်မည်လော။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။
စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
သင်တို့က ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို ပြောပြပါလော့။ အကျွန်ုပ်တို့ လိုက်နာပါမည်’ဟု ငါ့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်စေသည်မှာ လိမ်လည်ခြင်းသာဖြစ်၏။
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။
သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။
အကြောင်းမူကား သူတို့သည် အဆီးရီးယားပြည်သို့ သွားကြလေပြီ။ တစ်ကောင်တည်းသွားလာတတ်သောမြည်းရိုင်းကဲ့သို့ ဖြစ်လေပြီ။ ဧဖရိမ်သည် ချစ်သူများ ငှားရမ်းလေပြီ။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
‘ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရ’ဟု သင့်အား ငါဆင့်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင့်ကို အီဂျစ်ပြည်သို့ ထိုလမ်းဖြင့်မဟုတ်ဘဲ သင်္ဘောနှင့်ပြန်သွားစေတော်မူမည်။ ထိုပြည်၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် သင့်ကိုယ်သင် သင့်ရန်သူတို့ထံသို့ ရောင်းမည်။ သင့်ကို မည်သူမျှဝယ်မည်မဟုတ်”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။