ဟေရှာယ 30:3 - မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် ဖာရောမင်းကြီး၏အကာအကွယ်သည် သင်တို့အတွက် အရှက်ကွဲစရာဖြစ်ပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံခြင်းသည် သင်တို့အတွက် အသရေပျက်စရာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible3 သို့ရာတွင်ထိုပြည်သည်သူတို့အားကွယ်ကာ စောင့်ရှောက်နိုင်လိမ့်မည်မဟုတ်။ အီဂျစ်ပြည် ၏ကာကွယ်စောင့်ရှောက်မှုသည်လည်း တိုင်း ပြည်ပျက်ပြုန်းမှုတွင်အဆုံးသတ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ဖာ ရော မင်း၏ ဗ လ သည် သင် တို့၌ ရှက် ကွဲ ရာ၊ အိ ဂျစ် အ ရိပ် အောက် ခို လှုံ ခြင်း လည်း ရှုတ် ချ ရာ ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3 သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကိုအမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။