ဆက်သားတို့သည် ဧဖရိမ်နယ်၊ မနာရှေနယ်၊ ဇာဗုလုန်နယ်တို့အထိ တစ်မြို့ပြီးတစ်မြို့ သွားကြ၏။ သို့သော် လူတို့သည် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြ၏။
ဟေရှာယ 28:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။ Garrad Bible ထို့ ကြောင့်၊ သင် တို့၏ နှောင် ကြိုး မြဲ မည် ကို စိုး ၍ မ သ ရော် ကြ နှင့်။ မြေ တစ် ပြင် လုံး ကျွတ် ပြ ဋ္ဌာန်း တော် မူ ခဲ့ သော ကုန် ဆုံး ခြင်း အ ကြောင်း ကို ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် ထံ တော် မှ ငါ ကြား ရ ၏။ Judson Bible ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တစ်ဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တစ်ပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါကြားရပြီ။ |
ဆက်သားတို့သည် ဧဖရိမ်နယ်၊ မနာရှေနယ်၊ ဇာဗုလုန်နယ်တို့အထိ တစ်မြို့ပြီးတစ်မြို့ သွားကြ၏။ သို့သော် လူတို့သည် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
အကြောင်းမူကား ကိုယ်တော်သည် ကြေးနီတံခါးများကို ချိုးဖျက်၍ သံကန့်လန့်ကျင်များကို ပိုင်းဖြတ်တော်မူ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။
ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊ မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ငါ့စကားကို စူးစိုက်နားထောင်၍ နာခံကြလော့။ ငါမိန့်မြွက်သောစကားကို အာရုံစိုက်နားထောင်၍ နာခံကြလော့။
အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
ဇေဒကိမင်းကြီး၏မျက်လုံးများကိုလည်း ဖောက်ထုတ်ပြီး သူ့ကို ကြေးနီခြေချင်းခတ်လျက် ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။
ထာဝရဘုရားကိုဆန့်ကျင်၍ မည်သည့်အကြံကို သင်တို့ကြံစည်နေကြသနည်း။ ကိုယ်တော်သည် အဆုံးသတ်စေပြီ။ ဆင်းရဲဒုက္ခကို ဒုတိယအကြိမ် ရောက်လာစေမည်မဟုတ်။
ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။