Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဘုရားသခင်​သည် လက်​တော်​ဖြင့် ငါ့​အပြစ်​ထမ်းပိုး​ကို ငါ့​လည်ပင်း​ပေါ် တင်​တော်မူ​ပြီ​။ ချည်နှောင်​တော်မူ​ပြီ​။ ငါ့​ခွန်အား​ကို​ချည့်နဲ့​စေ​တော်မူ​၍ ငါ​မ​တွန်းလှန်​နိုင်​သော​သူ​တို့​၏​လက်​ထဲသို့ ငါ့​ကို​အပ်လိုက်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ရှင် ဘု ရား သည် လက် တော် ဖြင့် ငါ့ လွန် ကျူး မှု များ ကို၊ ထမ်း ပိုး သ ဖွယ် ကုပ် ပေါ် တွင် ကျစ် လိမ် ဖွဲ့ တင် လျက်၊ အား လျော့ စေ သည့် ပြင်၊ ခံ ရပ်၍ မ ရ သော သူ တို့ လက် အ တွင်း သို့၊ ငါ့ ကို အပ် နှင်း တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:14
21 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


အဆီးရီးယား​လူမျိုး​ကို ငါ့​ပြည်​တွင် ချိုးဖဲ့​မည်​။ ငါ့​တောင်​များ​ပေါ်တွင် ငါ​နင်းချေ​မည်​။ သူ​၏​ထမ်းပိုး​ကို အစ္စရေး​လူမျိုး​တို့​အပေါ်​မှ ဖယ်ရှား​မည်​။ သူ​၏​ဝန်​ကို အစ္စရေး​လူမျိုး​တို့​၏​ပခုံး​ပေါ်​မှ​ဖယ်ရှား​မည်​”​ဟု ကျိန်ဆို​တော်မူ​၏​။


ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ထို​စကား​အလုံးစုံ​တို့​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား လျှောက်တင်​၏​။ “​အရှင်​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​နှင့် သူ​၏​လူ​များ​ကို အစေခံ​လျက် အသက်ရှင်​ပါ​လော့​။


တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။


“ဟာနနိယ​ထံသို့​သွား​ပြီး ထာဝရဘုရား​က ‘သင်​ချိုး​လိုက်​သော​သစ်သား​ထမ်းပိုး​အစား သံ​ထမ်းပိုး​ကို သင်​ပြုလုပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ဤ​လူမျိုး​အပေါင်း​တို့​၏​ပခုံး​ပေါ်၌ သံ​ထမ်းပိုး​ကို ငါ​တင်​ပြီ​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို စင်စစ်​အစေခံ​ရ​မည်​။ တောရိုင်းတိရစ္ဆာန်​များ​ကို​လည်း သူ့​အား ငါ​ပေးအပ်​လေ​ပြီ’​ဟူ၍ မိန့်​တော်မူ​ကြောင်း​ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


ထိုသို့ ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ခံရ​သော​ယေရမိ​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​က “သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​က ‘ဤ​မြို့​ကို ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့ ငါ​အပ်​မည်​။ သူ​သည် ထို​မြို့​ကို သိမ်းယူ​လိမ့်မည်​။


ဇေဒကိ​ကို ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​လိမ့်မည်​။ သူ့​ကို ငါ​ထာဝရဘုရား​အကြည့်အရှု​မ​ကြွလာ​မ​ချင်း ထို​မြို့​၌ သူ​နေ​ရ​လိမ့်မည်​။ သင်​တို့​သည် ခါလဒဲ​၏​တပ်​ကို တိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပရောဖက်ပြု​ဟောပြော​ရ​သနည်း”​ဟု မိန့်ဆို​၏​။


ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ယေရမိ​ကို နန်းတော်​သို့​ခေါ်လာ​စေ​ပြီးလျှင် “​ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​ရောက်လာ​သေး​သလော​”​ဟု လျှို့ဝှက်​စွာ​မေးမြန်း​၏​။ ယေရမိ​က “​နှုတ်ကပတ်တော်​ရောက်လာ​ပါ​၏​။ အရှင်မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့​ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​ကို​မြို့​ထဲ​မှ နှင်ထုတ်​မည်​၊ တစ်ပါးအမျိုးသား​တို့​၏​လက်​သို့​အပ်​မည်​၊ အပြစ်ဒဏ်​ပေး​မည်​။


ငါ့​အမျက်​ကို သင့်​အပေါ်​သွန်ချ​မည်​။ ဒေါသ​မီး​ဖြင့် မှုတ်ထုတ်​ပစ်​မည်​။ သင့်​ကို ရက်စက်ကြမ်းကြုတ်​သော အဖျက်သမား​တို့​လက်​သို့​အပ်​မည်​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​မုန်းတီး​သော​သူ​တို့​လက်​သို့​၊ သင်​စွန့်ပစ်​သွား​ခဲ့​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​မည်​။


သင်​တို့​ကို အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေးအပ်​မည်​။ သူ​တို့​သည် သင်​တို့​၌ စခန်းချ​၊ တဲထိုး​နေ​ကြ​လိမ့်မည်​။ သင်​တို့​၏​အသီးအနှံ​များ​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​နွားနို့​များ​ကို​လည်း သောက်​ကြ​လိမ့်မည်​။


ငါ​သည် လက်​ကို​ဆန့်​၍ သင်​တို့​ကို ဆန့်ကျင်​မည်​။ သင်​တို့​ကို လုယက်ပစ္စည်း​အဖြစ် လူမျိုးခြား​တို့​လက်​သို့​အပ်​မည်​။ လူမျိုးတကာ​တို့​ထဲမှ ဖယ်ရှား​ပစ်​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​ထဲမှ ဖျောက်ဖျက်​ပစ်​မည်​။ သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​လူ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​စေရန် ငါ​စီရင်​ပြီ​။ သင်​တို့​သည် ထို​ဘေး​ကို သင်​တို့​လည်ပင်း​မှ ဖယ်ရှား​နိုင်​မည်​မ​ဟုတ်​။ ဘေးအန္တရာယ်​ကျရောက်​ရာ​ကာလ​ဖြစ်​သောကြောင့် ထောင်လွှား​သွားလာ​နိုင်​ကြ​မည်​မ​ဟုတ်​။


ဆာလောင်မွတ်သိပ်​ခြင်း​၊ အဝတ်အချည်းစည်း​ဖြစ်​ခြင်း​၊ အရာရာ​ချို့တဲ့​ခြင်း​တို့​ဖြင့် ထာဝရဘုရား​စေလွှတ်​တော်မူ​သော သင်​၏​ရန်သူ​ကို သင်​အစေခံ​ရ​လိမ့်မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သံ​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ် တင်​ထား​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ