ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ဟေရှာယ 27:12 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။ Common Language Bible ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။ Garrad Bible အို ဣ သ ရေ လ အ မျိုး သား တို့၊ ထို ကာ လ ထာ ဝ ရ ဘု ရား သည်၊ မြစ် ကြီး ရေ အ လျဉ် နှင့် အိ ဂျစ် ချောင်း အ ကြား တွင်၊ အ သီး သ ဖွယ် ရိုက် ခါ ၍ သင် တို့ ကို တစ် ယောက် နောက် တစ် ယောက် ကောက် သိမ်း တော် မူ လိမ့် မည်။ Judson Bible အိုဣသရေလ အမျိုးသားတို့၊ ထိုကာလ၌လည်း၊ ထာဝရဘုရားသည် မြစ်ကြီးမှစ၍၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင်တို့သည် တစ်ယောက်နောက်တစ်ယောက်၊ ကောက်သိမ်းခြင်းကျေးဇူးတော်ကို ခံရကြလိမ့်မည်။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။
ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။ ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
သံလွင်သီးကိုရိုက်ခြွေသောအခါ အပင်ထိပ်ဖျား၌ သံလွင်သီးနှစ်လုံးသုံးလုံး၊ အသီးများသော အခက်အလက်တို့၌ လေးငါးလုံး ကောက်သင်းကောက်ရန်ကြွင်းကျန်သကဲ့သို့ ကြွင်းကျန်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့ကို အမိဝမ်းထဲကပင် မိမိ၏အစေအပါးအဖြစ် ပုံဖော်ဖန်ဆင်းတော်မူသော ထာဝရဘုရားက အစ္စရေးလူမျိုးတို့ အထံတော်၌စုဝေးကြမည့်အကြောင်း ယာကုပ်အမျိုးကို အထံတော်သို့ပြန်ခေါ်ဆောင်လာရန် မိန့်မှာတော်မူခဲ့၏။ ငါသည် ထာဝရဘုရား၏မျက်မှောက်တော်၌ ဂုဏ်ပြုချီးမွမ်းခြင်းခံရသူဖြစ်၏။ ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်တော်မူ၏။
နှင်ထုတ်ခံရသောအစ္စရေးလူမျိုးတို့ကို စုစည်းတော်မူသော ဘုရားရှင်ထာဝရဘုရားက “စုစည်းပြီးသောသူတို့အပြင် အခြားသောသူတို့ကို အစ္စရေးလူမျိုးတို့ထံ၌ ငါထပ်၍စုစည်းမည်”ဟု မိန့်တော်မူ၏။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
ဓားဘေးမှလွတ်မြောက်သောသူအနည်းငယ်တို့သည် အီဂျစ်ပြည်မှယုဒပြည်သို့ ပြန်လာကြလိမ့်မည်။ ထိုအခါ သူတို့စကားတည်သလော၊ ငါ့စကားတည်သလော။ မည်သူ့စကားတည်သည်ကို အီဂျစ်ပြည်သို့ သွားရောက်နေထိုင်သော ယုဒလူအကြွင်းအကျန်ရှိသမျှတို့ သိရကြလိမ့်မည်။
ငါသည် အမျက်တော်ကိုသွန်ချ၍ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်ဖြင့် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်၊ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ ပြန်လည်စုစည်းမည်။
သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာ၍ ကွဲလွင့်ရာအရပ်ရပ်မှ ပြန်လည်စုစည်းသောအခါ ငါသည် သင်တို့ကို မွှေးကြိုင်သောရနံ့အဖြစ် လက်ခံမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့ရှေ့တွင် ငါထင်ရှားပြမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောယာကုပ်အမျိုးကို ယခု ငါပြန်ခေါ်လာမည်။ အစ္စရေးတစ်မျိုးနွယ်လုံးကို သနားစုံမက်မည်။ သန့်ရှင်းသောငါ့နာမအတွက် ငါသဝန်တိုမည်။
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
“ကြည့်ရှုလော့။ ငါမိန့်ဆိုပြီ။ လူမျိုးတကာတို့အလယ်တွင် အစ္စရေးအမျိုးအနွယ်ကို ဆန်ခါခါသကဲ့သို့ ခါချမည်။ ဆန်တစ်စေ့မျှ မြေကြီးပေါ် မကျရ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ နေထွက်ရာအရပ်၊ နေဝင်ရာအရပ်တို့မှ ငါ့လူမျိုးတော်တို့ကို ငါကယ်နုတ်မည်။
“သင်တို့ထဲမှ တစ်စုံတစ်ဦး၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည်ပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောကန္တာရ၌ထားခဲ့၍ ပျောက်ဆုံးသောသိုးကိုမတွေ့မချင်းလိုက်ရှာမည်မဟုတ်လော။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
ထိုမှတစ်ဖန် အာဇမုန်အရပ်ကိုကျော်၍ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ ပင်လယ်၌ နယ်နိမိတ်ဆုံး၏။ ဤသည်ကား ယုဒအမျိုးအနွယ်တို့၏တောင်ဘက်နယ်နိမိတ်ဖြစ်၏။