Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 15:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 “သင်​တို့​ထဲမှ တစ်စုံတစ်ဦး​၌ သိုး​အကောင်​တစ်ရာ​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ကောင်​သည်​ပျောက်ဆုံး​လျှင် သူ​သည် ကိုးဆယ့်ကိုး​ကောင်​ကို တော​ကန္တာရ​၌​ထား​ခဲ့​၍ ပျောက်ဆုံး​သော​သိုး​ကို​မတွေ့မချင်း​လိုက်ရှာ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သင် တို့ တွင် တစ် ယောက် ယောက် သည် သိုး တစ် ရာ ရှိ၍ တစ် ကောင် ပျောက် သွား လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တော တွင် ထား ခဲ့ ပြီး သော် ပျောက် သော သိုး ကို မ တွေ့ မ ချင်း မ လိုက် ဘဲ မည် သူ နေ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 “အကယ်၍ သင်တို့​အထဲမှ တစ်စုံတစ်ဦး​တွင် သိုး​အကောင်​တစ်ရာ​ရှိရာ ထို​သိုးများ​အနက် တစ်ကောင်​ပျောက်ဆုံးသွား​ပါက အခြားသော​သိုး ကိုးဆယ့်ကိုးကောင်​ကို စားကျက်​တွင် ထားခဲ့​ပြီးလျှင် ပျောက်သော​သိုး​တစ်ကောင်​ကို တွေ့သည်​တိုင်အောင် ရှာမည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

4 သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 15:4
19 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။


ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။


ထာဝရဘုရား​က ‘ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​၊ တောင်ပေါ်ဒေသ​ရှိ​မြို့ရွာ​များ​၊ နေဂေ့​အရပ်​ရှိ​မြို့ရွာ​များ​၌ သိုးထိန်း​သည် သိုးစု​ကို ပြန်လည်​ရေတွက်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။


ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က “သင်​တို့​သည် ငါ့​စားကျက်​၌​ကျက်စား​သော လူမျိုး​တော်​သိုးစု​ဖြစ်​၏​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


အားနည်း​သော​သိုး​တို့​ကို အား​မ​ဖြည့်​ပေး​၊ ဖျားနာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ပေး​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ကျပ်​မ​စည်း​ပေး​ကြ​။ လမ်းလွဲ​သော​သိုး​များ​ကို ပြန်​မ​ခေါ်ဆောင်​လာ​၊ ပျောက်​သော​သိုး​တို့​ကို​လည်း မ​ရှာဖွေ​ကြ​။ သင်​တို့​သည် သိုး​တို့​ကို ခက်ထန်​ကြမ်းတမ်း​စွာ ထိန်းကျောင်း​ကြ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ သိုးထိန်း​မ​ရှိ​သောကြောင့် ငါ့​သိုး​တို့​သည် သားကောင်​များ​ဖြစ်သွား​ရ​ပြီ​။ တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ​ဖြစ်​ရ​ပြီ​။ သိုးထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ရှာဖွေ​။ ငါ့​သိုး​တို့​ကို မ​ထိန်းကျောင်း​၊ သူတို့ကိုယ်ကို​သာ ကြည့်ရှု​၏’​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​က​လည်း“သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥပုသ်နေ့​၌ တွင်း​ထဲသို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲတင်​ဘဲ​နေ​မည်လော။


သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။


သို့သော် ကိုယ်တော်​သည် သူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ


အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။


သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ