ဟေရှာယ 26:19 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။ Common Language Bible ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။ Garrad Bible ကိုယ် တော် ပိုင် သော သူ တို့ ကား၊ ရှင် ပြန် ခြင်း၊ ငါ့ ဆိုင် ရာ အ လောင်း များ လည်း ထ မြောက် ခြင်း ခံ ရ ကြ လိမ့် မည်။ မြေ မုန့် ထဲ တွင် တည်း ခို ရ သော သင် တို့၊ နိုး ထ၍ ကြွေး ကြော် ကြ လော့။ ကိုယ် တော်၏ နှင်း ပေါက် သည်၊ အ လင်း တော် ထဲ မှ ကျ သ ဖြင့်၊ မြေ အ တွင်း ရှိ သင်္ချိုင်း သား တို့ သည်၊ ဖွား မြင် ခြင်း ကို ခံ ရ ကြ လ တ္တံ့။ Judson Bible ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသော သူတို့၊ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကိုပေါက်စေသော နှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။ |
ငါ့အမြစ်သည် ရေရှိရာအထိ ဖြာထွက်ပြီး ငါ့အခက်အလက်တို့သည်လည်း နှင်းစက်များဖြင့် တစ်ညလုံးစိုနေလိမ့်မည်။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။
ကမ္ဘာမြေကြီးပေါ်ရှိ ကြွယ်ဝသောသူအပေါင်းတို့သည် စားသောက်လျက် ရှိခိုးကိုးကွယ်ကြလိမ့်မည်။ မိမိ၏စိတ်ဝိညာဉ်ကို မရှင်သန်စေနိုင်ဘဲ မြေမှုန့်သို့ဆင်းသွားရသောသူရှိသမျှတို့သည် ကိုယ်တော်၏ရှေ့တော်၌ ညွတ်တွားကြလိမ့်မည်။
အကျွန်ုပ်အား များစွာသောဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်တို့ကို ကြုံတွေ့စေတော်မူသောကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေ၍ မြေကြီး၏နက်ရှိုင်းရာအရပ်ထဲမှ အကျွန်ုပ်ကို ပြန်တက်လာစေတော်မူလိမ့်မည်။
ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော်ကို ပျက်စီးခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
ထာဝရဘုရားက “ငါသည် တောက်ပသောနေအပူရှိန်ကဲ့သို့၊ ပူပြင်းသောရိတ်သိမ်းချိန်၌ ကျသောနှင်းထုကဲ့သို့ ငါကိန်းဝပ်ရာအရပ်မှ တိတ်ဆိတ်စွာ ငါကြည့်ရှုမည်”ဟု ငါ့အား ထိုသို့မိန့်တော်မူ၏။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
ငါသည် သူတို့ကို မရဏာနိုင်ငံမှ ကယ်နုတ်မည်။ သေမင်းလက်မှ ရွေးနုတ်မည်။ အို သေမင်း၊ သင်၏ဘေးကား အဘယ်မှာနည်း။ အို မရဏာနိုင်ငံ၊ သင်၏အဆိပ်ဆူးကား အဘယ်မှာနည်း။ သင့်ကို ငါမသနားမကြင်နာတော့ပြီ။”
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
အေးချမ်းစွာမျိုးစေ့ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးသီးလိမ့်မည်။ မြေကြီးသည်လည်း အသီးအနှံကို ဖြစ်ထွန်းစေလိမ့်မည်။ မိုးကောင်းကင်မှ နှင်းကျလိမ့်မည်။ ငါသည် ကြွင်းကျန်သောဤလူမျိုးတို့အား ဤအရာအားလုံးတို့ကို အမွေခံစားရစေမည်။
သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။
သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ထိုအခါ ပိလတ်မင်းသည် အလောင်းတော်ကိုပေးလိုက်ရန် အမိန့်ပေး၏။
သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။
ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။
ထို့ပြင် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုလည်းကောင်း၊ ကိုယ်တော်၏ဒုက္ခဝေဒနာကိုမျှဝေခံယူခြင်းကိုလည်းကောင်း သိရှိ၍ ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်းအခွင့်ကိုရရှိကာ
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။
ထာဝရဘုရားသည် အသက်ကိုသေစေနိုင်၏။ အသက်ကို ရှင်စေနိုင်၏။ မရဏာနိုင်ငံသို့ ကျစေနိုင်၏။ မရဏာနိုင်ငံမှလည်း ထုတ်ဆောင်ပေးနိုင်၏။