ဟေရှာယ 25:8 - မြန်မာ့စံမီသမ္မာကျမ်း
8 သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ