ထိုနေ့ရက်၌ ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေတို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးဘုရင်တို့ကို မြေကြီးပေါ်၌လည်းကောင်း ဒဏ်ခတ်တော်မူမည်။
ဟေရှာယ 24:4 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးသည် ငိုကြွေးမြည်တမ်း၍ ညှိုးနွမ်း၏။ ကမ္ဘာလောကသည် အားလျော့ချည့်နဲ့၏။ ဂုဏ်မြင့်သူမြေကြီးသားတို့သည် အားလျော့ကြ၏။ Common Language Bible ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။- Garrad Bible မြေ ပ ထ ဝီ သည် မြည် တမ်း ညှိုး နွမ်း လျက်၊ လော က လည်း အား လျော့ ညှိုး နွမ်း လျက်၊ ပြည် တိုင်း အ ထွဋ် အ မြတ် တို့ အား လျော့ ကြ လေ၏။ Judson Bible ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ |
ထိုနေ့ရက်၌ ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေတို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးဘုရင်တို့ကို မြေကြီးပေါ်၌လည်းကောင်း ဒဏ်ခတ်တော်မူမည်။
ကမ္ဘာမြေကြီးသည် အမှန်ပင် ဟင်းလင်းပြင် ဖြစ်လိမ့်မည်။ အကုန်အစင်လုယူခံရမည်။ ဤစကားကို ထာဝရဘုရားမိန့်တော်မူပြီ။
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
ထို့ကြောင့် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလိမ့်မည်။ ပြည်သူပြည်သားများလည်း ချုံးချုံးကျကုန်လိမ့်မည်။ တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များနှင့် ပင်လယ်ငါးများပါမကျန် သေကျေကြလိမ့်မည်။
လယ်ယာ ဖျက်ဆီးခံရပြီ။ ကောက်ပဲသီးနှံ ဖျက်ဆီးခံရသောကြောင့် မြေသည် ငိုကြွေးမြည်တမ်းလေပြီ။ စပျစ်ဝိုင်အသစ် ခန်းလေပြီ။ ဆီလည်း လျော့လေပြီ။