ဟေရှာယ 28:1 - မြန်မာ့စံမီသမ္မာကျမ်း1 စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 စ ပျစ် ရည် ကြောင့် တိမ်း လဲ သူ တို့ နေ ရာ၊ ပြန့် ပြော သော ချိုင့် ထိပ် တွင်၊ ဧ ဖ ရိမ် အ မျိုး သောက် ကျူး သူ တို့၏ မာ န မ ကိုဋ်၊ ညှိုး နွမ်း ဆဲ ရ တ နာ ပန်း ဦး ရစ် ၌ အ မင်္ဂ လာ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ |
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။