ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။
ဟေရှာယ 24:20 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးသည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ယိမ်းထိုးနေ၏။ ပုခက်ကဲ့သို့ခါယမ်းနေ၏။ ကမ္ဘာမြေကြီးကျူးလွန်သောအပြစ်သည် လေးလံသဖြင့် လဲကျသွား၍ ပြန်ထနိုင်တော့မည်မဟုတ်။ Common Language Bible ကမ္ဘာမြေကြီးသည်လေမုန်တိုင်းမိသည့်တဲ ကဲ့သို့လည်းကောင်း၊ သေသောက်ကြူးသူကဲ့သို့ လည်းကောင်းယိမ်းယိုင်လျက်နေလိမ့်မည်။ ကမ္ဘာ လောကသည်အပြစ်ဝန်ထုပ်ပိလျက်နေ သဖြင့် ပြိုလဲသွားလိမ့်မည်။ နောက်တစ်ဖန် ပြန်၍ထနိုင်တော့မည်မဟုတ်။ Garrad Bible မြေ ပ ထ ဝီ သည် မူး ယစ် သူ ကဲ့ သို့ ယိမ်း ယိုင် လျက်၊ လင့် စင် ကဲ့ သို့ လှုပ် ရှား၍၊ လွန် ကျူး ဝန် လေး သ ဖြင့်၊ မ ထ ရ သည့် တိုင် အောင် လဲ လိမ့် မည်။ Judson Bible ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာလေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တစ်ဖန်မထရ။ |
ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးသည် အလွန်ဆိုးရွားမည်ဖြစ်၏။ ဝပြောခြင်းနောက်တွင် ဖြစ်လာမည့် ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ထိုပြည်၌ဝပြောခြင်းရှိခဲ့သည်ကိုပင် သိမှတ်ကြတော့မည်မဟုတ်။
အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။
သူတို့သည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ဖြစ်လျက်၊ ရှေ့နောက်ယိမ်းထိုးလျက်နေကြ၏။ သူတို့၏အကြံဉာဏ်အားလုံးသည်လည်း ကုန်ခန်းလေ၏။
အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။
ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။
ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
အဦးဆုံးဖခင်သည် အပြစ်ပြုခဲ့ပြီ။ သင့်အတွက် ကြားဝင်စေ့စပ်ပေးသူတို့သည် ငါ့ကိုပြစ်မှားကြပြီ။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
ကမ္ဘာမြေကြီး တုန်ခါလေပြီ၊ တုန်လှုပ်လေပြီ။ အကြောင်းမူကား ဘေဘီလုံမြို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်ဟူသော ထာဝရဘုရား၏အကြံအစည်တော်အတိုင်း ထိုမြို့၌ ဖြစ်လာလေပြီ။
သင်သည် သူတို့အား “ထာဝရဘုရားက ‘လဲကျသောသူသည် ပြန်မထဘဲနေမည်လော။ ထွက်သွားသောသူသည် ပြန်မလာဘဲနေမည်လော။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
သူသည် သူ့ခံတပ်ပြည်သို့ပြန်လာမည်ဖြစ်သော်လည်း ခလုတ်တိုက်၍လဲကျသေဆုံးသွားလိမ့်မည်။ သူ့ကို တွေ့ရတော့မည်မဟုတ်။
‘အို ဒန်၊ သင်၏ဘုရားအသက်ရှင်သည့်အတိုင်း’ဟူ၍လည်းကောင်း၊ ‘ဗေရရှေဘကျင့်စဉ်တို့ ရှင်သန်နေသည့်အတိုင်း’ဟူ၍လည်းကောင်း ရှမာရိအပြစ်ကိုတိုင်တည်ကျိန်ဆိုတတ်သောသူတို့သည် နောက်တစ်ဖန် ပြန်မထနိုင်အောင် ကျဆုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။