Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 12:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အလင်း​မ​ရှိ​သော​မှောင်မိုက်​ထဲ၌ စမ်းတဝါးဝါး​သွားလာ​စေ​၍ အရက်မူး​သော​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 အ လင်း မဲ့ မှောင် မိုက်၌ စမ်း ယမ်း လျက်၊ ယစ် မူး သော သူ ကဲ့ သို့ ယိမ်း ယိုင် လျက် သွား စေ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သူ​တို့​သည် အ​လင်း​မ​ရှိ။ မှောင်​မိုက်၌ စမ်း​သပ်​လျက် သွား​ရ​ကြ၏။ ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက် သွား​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 12:25
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အိမ်​တံခါးဝ​ရှိ လူ​ကြီး​လူငယ်​တို့​ကို မျက်စိကွယ်​စေရန် ဒဏ်ခတ်​သဖြင့် သူ​တို့​သည် တံခါး​ကို​ရှာ​ရ​၍ မောပန်း​ကြ​၏​။


သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။


နေ့​အချိန်​၌ပင် သူ​တို့​ကို အမှောင်ထု​ဖုံးလွှမ်း​၍ မွန်းတည့်အချိန်​၌ပင် ညအချိန်​ကဲ့သို့ စမ်းတဝါးဝါး​သွားလာ​ကြ​ရ​၏​။


သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။ သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။


ထာဝရဘုရား​သည် အီဂျစ်​ပြည်​ထဲ​သို့ ရှုပ်ထွေး​သော​သဘော​ကို သွင်း​တော်မူ​သဖြင့် ယစ်မူး​သူ​သည် မိမိ​အန်ဖတ်​ပေါ်မှာ ဒယီးဒယိုင်​ဖြစ်​နေ​သကဲ့သို့ သူ​တို့​သည် အီဂျစ်​ပြည်​၏​အမှုကိစ္စ​ရှိသမျှ​တို့​ကို လမ်းလွဲ​စေ​ကြ​ပြီ​။


ကမ္ဘာမြေကြီး​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ယိမ်းထိုး​နေ​၏​။ ပုခက်​ကဲ့သို့​ခါယမ်း​နေ​၏​။ ကမ္ဘာမြေကြီး​ကျူးလွန်​သော​အပြစ်​သည် လေးလံ​သဖြင့် လဲကျ​သွား​၍ ပြန်​ထ​နိုင်​တော့​မည်​မ​ဟုတ်​။


ငါ​တို့​သည် မျက်မမြင်​ကဲ့သို့ နံရံ​ကို​လိုက်စမ်း​ရ​၏​။ မျက်စိ​မ​ပါ​သော​သူ​ကဲ့သို့ လိုက်စမ်း​ရ​၏​။ မှောင်ရီပျိုး​ချိန်​၌ ခလုတ်တိုက်​သကဲ့သို့ မွန်းတည့်ချိန်​မှာပင် ခလုတ်တိုက်​ကြ​၏​။ သန်မာ​သော​သူ​များ​ကြား​၌ လူသေ​ကဲ့သို့​ဖြစ်​ကြ​၏​။


ကြည့်​လော့။ ထာဝရ​ဘုရား​၏​လက်​တော်​သည် ယခု​ပင် သင့်​အပေါ်သို့​ကျရောက်​သဖြင့် သင်​သည် မျက်စိကွယ်​လျက် ကာလ​အတန်ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်မည်”​ဟု ဆို​၏။ ထို​ခဏချင်း​တွင် မှုန်ဝါး​ခြင်း​နှင့်​မှောင်မိုက်​ခြင်း​တို့​သည် သူ့​အပေါ်​ကျရောက်​သဖြင့် သူ​သည် လက်ဆွဲ​၍​လမ်းပြ​မည့်​သူ​ကို စမ်းတဝါးဝါး​လိုက်ရှာ​လေ​၏။


မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။


မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ