ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
ဟေရှာယ 21:16 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်က ငါ့အား “သူရင်းငှား၏နှစ်ကာလအရ တစ်နှစ်အတွင်းတွင် ကေဒါအမျိုး၏ဘုန်းအသရေအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ Common Language Bible ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။- Garrad Bible ငါ့ အား အ ရှင် ဘု ရား က၊ သူ ရင်း ငှား တို့၏ နှစ် တာ အ လျောက် တစ် နှစ် အ တွင်း တွင်၊ ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ကေ ဒါ လူ မျိုး တို့ ဘုန်း အ သ ရေ ရှိ သ မျှ ကွယ် ပျောက်၍၊ Judson Bible ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊ |
ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
လူသည် မြေကြီးပေါ်တွင် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ကြရပါသည်တကား။ လူအသက်ရှင်သောနေ့ရက်တို့သည် သူရင်းငှား၏နေ့ရက်ကဲ့သို့ ဖြစ်ပါသည်တကား။
ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
တစ်ဖန် ထာဝရဘုရားက “သူရင်းငှား၏နှစ်ကာလအရ သုံးနှစ်အတွင်း မောဘပြည်၏ဘုန်းအသရေသည် လူထုကြီးနှင့်အတူ ရှုတ်ချခြင်းခံရမည်။ လူအနည်းငယ်သာကြွင်းကျန်၍ အားနည်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တောကန္တာရနှင့် တောကန္တာရရှိမြို့များ၊ ကေဒါအမျိုးနေထိုင်သောရွာများသည် မိမိတို့အသံကို လွှင့်ကြပါစေ။ သေလမြို့သားတို့သည် ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ တောင်ထိပ်တွင် ကြွေးကြော်ကြပါစေ။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
“ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
အာရေဗျပြည်၊ ကေဒါပြည်တို့မှ ခေါင်းဆောင်တို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သင့်ထံမှထွက်သောကုန်ပစ္စည်းများကို သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတို့နှင့် လဲလှယ်ကြ၏။