အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
ဟေရှာယ 19:6 - မြန်မာ့စံမီသမ္မာကျမ်း မြစ်များနံဟောင်၍ အီဂျစ်ပြည်၏မြစ်ချောင်းများသည် တိမ်ကောခန်းခြောက်သွားလိမ့်မည်။ ကျူပင်၊ ကိုင်းပင်တို့သည်လည်း ညှိုးနွမ်းကြလိမ့်မည်။ Common Language Bible မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။- Garrad Bible မြောင်း များ ညှီ၍ ချောင်း များ တိမ် ကော သွေ့ ခြောက် သ ဖြင့်၊ ကျူ ပင် ကိုင်း ပင် များ ညှိုး နွမ်း လျက်၊ Judson Bible ချောင်းရေများလည်းပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။ |
အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
ငါသည် တိုင်းတစ်ပါးတို့တွင် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီဟု ဆို၏။
ရွှံ့နွံမရှိဘဲ ကျူပင်ကြီးပေါက်နိုင်မည်လော။ ရေမရှိဘဲ ကျူတောထူထပ်နိုင်မည်လော။
ထိုအပင်သည် ခုတ်ပစ်ခြင်းကိုမခံရ၊ စိမ်းစိုလျက်ရှိနေစဉ်မှာပင် အခြားအပင်တို့ထက်အလျင် ခြောက်သွေ့သွားတတ်၏။
ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။
နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြလိမ့်မည်။ နိုင်းမြစ်သည် အပုပ်နံ့ထွက်သဖြင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို သောက်သုံးနိုင်မည်မဟုတ်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။
သင်သည် ရေပတ်လည်ဝိုင်းလျက် ပင်လယ်တံတိုင်း၊ ရေမြို့ရိုးဖြင့်ကာရံထား၍ နိုင်းမြစ်နံဘေးတွင်တည်သော နောအာမုန်မြို့ထက် ခိုင်ခံ့သလော။