ဟေရှာယ 37:25 - မြန်မာ့စံမီသမ္မာကျမ်း25 ငါသည် တွင်းတူး၍ ရေကိုသောက်ခဲ့ပြီ။ ငါ၏ခြေဖဝါးဖြင့် အီဂျစ်ပြည်၏မြစ်ချောင်းရှိသမျှကို ခန်းခြောက်စေခဲ့ပြီ ဟုဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible25 သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင့် တပ်မတော်သားတို့သည်ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားဝါခဲ့၏။ အခန်းကိုကြည့်ပါ။Garrad Bible25 ငါ သည် ရေ တွင်း များ ကို တူး ဖော် သောက် ရ ပြီ။ အိ ဂျစ် မြစ် လက် ကြား ရေ ရှိ သ မျှ ကို ငါ့ ခြေ အောက် တွင် ခန်း ခြောက် စေ ပြီ ဟု၊ သင် ဝါ ကြွား လေ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible25 ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။ အခန်းကိုကြည့်ပါ။ |