Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 8:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို​အပင်​သည် ခုတ်ပစ်​ခြင်း​ကို​မ​ခံရ​၊ စိမ်းစို​လျက်​ရှိ​နေ​စဉ်​မှာပင် အခြား​အပင်​တို့​ထက်​အလျင် ခြောက်သွေ့​သွား​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို အ ပင် သည် မ ဆွဲ မ နုတ် သည့် အ ခါ၊ စိမ်း လန်း လျက် ရှိ သေး စဉ်၊ အ ပင် တ ကာ ထက် လွယ် ကူ စွာ ညှိုး နွမ်း တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ပင်​သည် စိမ်း​လျက် မ​ရိတ်​မ​ဖြတ်​သော်​လည်း၊ အ​ခြား​အ​ပင်​ထက်​သာ၍ ညှိုး​နွမ်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 8:12
9 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


ရွှံ့နွံ​မ​ရှိ​ဘဲ ကျူပင်ကြီး​ပေါက်​နိုင်​မည်လော​။ ရေ​မ​ရှိ​ဘဲ ကျူတော​ထူထပ်​နိုင်​မည်လော​။


ဘုရားသခင်​ကို​မေ့လျော့​သော​သူ​အပေါင်း​တို့​၏​လမ်းခရီး​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​၏​မျှော်လင့်​ခြင်း​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။


မြစ်​များ​နံဟောင်​၍ အီဂျစ်​ပြည်​၏​မြစ်ချောင်း​များ​သည် တိမ်ကော​ခန်းခြောက်​သွား​လိမ့်မည်​။ ကျူပင်​၊ ကိုင်းပင်​တို့​သည်​လည်း ညှိုးနွမ်း​ကြ​လိမ့်မည်​။


ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။


ကျောက်​ပေါများ​သော​နေရာ​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​ကို​ဆို​လို​၏။


အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ