တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ဟေရှာယ 19:3 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။ Common Language Bible ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။- Garrad Bible အိ ဂျစ် ပြည် သူ ပြည် သား တို့၏ အ ကြံ အ စည် ပ ညာ ကို၊ ငါ ကွယ် စေ၍၊ သူ တို့ ဉာဏ် ကုန် သ ဖြင့်၊ ရုပ် ပွား ဆင်း တု များ မှ စ၍၊ ရွတ် တတ် သူ၊ က ဝေ၊ မှော် ဆ ရာ များ ထံ မေး မြန်း ကြ လိမ့် မည်။ Judson Bible အဲဂုတ္တုပြည်၏စိတ်သည် သူ၏အထဲမှာပျက်လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌လည်းကောင်း၊ ပြုစားသော သူတို့၌လည်းကောင်း၊ နတ်ဝင်နှင့် စုန်းတို့၌လည်းကောင်း ဆည်းကပ်ကြလိမ့်မည်။ |
တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ရှမာရိမြို့တွင် အာခဇိမင်းကြီးသည် နန်းတော်အထက်ခန်းလေသာပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရ၏။ ထို့ကြောင့် မိမိတမန်တို့အား “ငါသည် ဤဝေဒနာများမှပြန်ကောင်းလာမည်လောဟု ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းကြလော့”ဟု ဆိုပြီး စေလွှတ်လိုက်၏။
ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍
သူတို့သည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ဖြစ်လျက်၊ ရှေ့နောက်ယိမ်းထိုးလျက်နေကြ၏။ သူတို့၏အကြံဉာဏ်အားလုံးသည်လည်း ကုန်ခန်းလေ၏။
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
ကိုယ်တော်သည် အုပ်ချုပ်သူမင်းတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသည်ကို မည်သူဖျက်မည်နည်း။ ဆန့်ထားလျက်ရှိသောလက်တော်ကို မည်သူပြန်ရုပ်သိမ်းမည်နည်း။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
သင်၏စစ်သူရဲတို့သည် အဘယ်ကြောင့် ဝမ်းလျားမှောက်လဲကျကုန်ကြသနည်း။ ထာဝရဘုရားသည် သူတို့ကိုလှဲချလိုက်သောကြောင့် သူတို့မရပ်တည်နိုင်ကြ။
သူတို့က ‘သင်အဘယ်ကြောင့် ညည်းတွားသနည်း’ဟု မေးလျှင် သင်က ‘ကြားရသောသတင်းစကားကြောင့်ဖြစ်၏။ ကြားရသောသတင်းအတိုင်း ဖြစ်ပျက်လာလျှင် လူတိုင်း စိတ်အားလျော့မည်၊ လက်ပန်းကျမည်၊ စိတ်ဓာတ်ကျ၍ ဒူးများပျော့ခွေသွားလိမ့်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
ထို့ကြောင့် ရှင်ဘုရင်၏အိပ်မက်များကို ဖော်ပြရန် ရှင်ဘုရင်သည် နတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများ၊ မှော်ဆရာများနှင့်ခါလဒဲပညာရှိတို့ကို ဆင့်ခေါ်စေ၏။ သူတို့သည်လည်း ရှင်ဘုရင်ရှေ့မှောက်၌ လာ၍ရပ်နေကြ၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
နံနက်ရောက်၍ နာဗလ စပျစ်ဝိုင်အမူးပြေသောအခါ သူ့မယားက သူ့အား အဖြစ်အပျက်အလုံးစုံကို ပြောပြလေ၏။ ထိုအခါ နာဗလသည် နှလုံးရပ်သွား၍ ခန္ဓာကိုယ်မှာ ကျောက်တုံးကဲ့သို့ ဖြစ်လေ၏။