ဒံယေလ 1:20 - မြန်မာ့စံမီသမ္မာကျမ်း20 ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ဉာဏ် ပ ညာ အ မျိုး မျိုး နှင့် စပ် လျဉ်း ၍ ဘု ရင် မင်း မေး စစ် သော အ ခါ နိုင် ငံ တော် တစ် ဝှမ်း လုံး ၌ ရှိ သ မျှ သော ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ တို့ ထက် ထို သူ တို့ ဆယ် ဆ တိုး ၍ တတ် ကြ သည် ကို တွေ့ သိ ရ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။