ဟေရှာယ 19:21 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားသည် အီဂျစ်ပြည်သားတို့အား မိမိကိုသိစေတော်မူသဖြင့် ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် ထာဝရဘုရားကိုသိလာကြပြီး ယဇ်နှင့်ပူဇော်သက္ကာတို့ဖြင့် ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားအား ကတိသစ္စာပြု၍ ပြည့်စုံစေကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
အခန်းကိုကြည့်ပါ။
ထို ကာ လ၊ ထာ ဝ ရ ဘု ရား သည် အိ ဂျစ် လူ မျိုး တို့၌ ထင် ရှား၍၊ အိ ဂျစ် လူ မျိုး တို့ သည် ထာ ဝ ရ ဘု ရား ကို သိ ကျွမ်း သ ဖြင့်၊ ယဇ် နှင့် ဘော ဇဉ် ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် ကြ သည့် ပြင်၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် ကို ထား၍ ဖြေ ကြ လိမ့် မည်။
အခန်းကိုကြည့်ပါ။
အဲဂုတ္တုပြည်တွင် ထာဝရဘုရားကိုသိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သကာ အလှူဒါနကိုဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်၌ သစ္စာကတိထား၍၊ ထားသည်အတိုင်း ပြုကြလိမ့်မည်။
အခန်းကိုကြည့်ပါ။