ဟေရှာယ 16:8 - မြန်မာ့စံမီသမ္မာကျမ်း
စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။
အခန်းကိုကြည့်ပါ။
ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။-
အခန်းကိုကြည့်ပါ။
စိ ဗ မာ စ ပျစ် ပင် သည် အ ခက် အ လက် နှံ့ ပြား လျက်၊ ယာ ဇာ မြို့ တိုင် အောင် ရောက်၍၊ သဲ တော စပ်၌ အ လေ့ ပေါက် သည့် ပြင်၊ အိုင် တစ် ဘက် သို့ ပြန့် ပွား ရာ သီး ပြွတ် အား ဖြင့်၊ လူ မျိုး ခြား မှူး မတ် တို့ ကို တိမ်း လဲ စေ တတ် သော် လည်း၊ ၎င်း စ ပျစ် ပင် နှင့် ယေ ရှ ဘုန် ခြံ များ ပါ ညှိုး နွမ်း ခဲ့ လေ စွ။
အခန်းကိုကြည့်ပါ။
ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။
အခန်းကိုကြည့်ပါ။