ဟေရှာယ 16:8 - Common Language Bible8 ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 စိ ဗ မာ စ ပျစ် ပင် သည် အ ခက် အ လက် နှံ့ ပြား လျက်၊ ယာ ဇာ မြို့ တိုင် အောင် ရောက်၍၊ သဲ တော စပ်၌ အ လေ့ ပေါက် သည့် ပြင်၊ အိုင် တစ် ဘက် သို့ ပြန့် ပွား ရာ သီး ပြွတ် အား ဖြင့်၊ လူ မျိုး ခြား မှူး မတ် တို့ ကို တိမ်း လဲ စေ တတ် သော် လည်း၊ ၎င်း စ ပျစ် ပင် နှင့် ယေ ရှ ဘုန် ခြံ များ ပါ ညှိုး နွမ်း ခဲ့ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible8 ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-