သံလွင်ပင်တန်းများကြားတွင် ဆီကြိတ်လျက်၊ စပျစ်သီးနင်းနယ်လျက်နှင့်ပင် ရေငတ်နေကြရ၏။
ဟေရှာယ 16:10 - မြန်မာ့စံမီသမ္မာကျမ်း သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။ Common Language Bible ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။- Garrad Bible ၎င်း ပြင်၊ ဝမ်း မြောက် ခြင်း ရွှင် လန်း ခြင်း များ ကို၊ ခြံ ထဲ မှ ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ဥ ယျာဉ် များ၌ ကျူး ဧ ခြင်း၊ ကြွေး ကြော် ခြင်း မ ရှိ ခဲ့ လေ။ ကျင်း၌ စ ပျစ် သီး ကို နင်း တတ် သူ တို့ သည် မ နင်း မ ညှစ် ရ။ ပျော် ရွှင် သံ ကို လည်း ငါ ပြတ် စဲ စေ တော် မူ ပြီ။ Judson Bible ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူလည်း မနင်းရ။ ကြွေးကြော်သောအသံကိုလည်း ငါပြတ်စေပြီ။ |
သံလွင်ပင်တန်းများကြားတွင် ဆီကြိတ်လျက်၊ စပျစ်သီးနင်းနယ်လျက်နှင့်ပင် ရေငတ်နေကြရ၏။
စပျစ်ဝိုင်ပြတ်သောကြောင့် လမ်းများပေါ်တွင် အော်ဟစ်တောင့်တကြ၏။ ဝမ်းမြောက်ခြင်းရှိသမျှတို့သည် ချုပ်ငြိမ်းသွားလေပြီ။ ကမ္ဘာမြေပေါ်ရှိ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်လေပြီ။
မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။