Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 16:10 - Common Language Bible

10 ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ၎င်း ပြင်၊ ဝမ်း မြောက် ခြင်း ရွှင် လန်း ခြင်း များ ကို၊ ခြံ ထဲ မှ ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ဥ ယျာဉ် များ၌ ကျူး ဧ ခြင်း၊ ကြွေး ကြော် ခြင်း မ ရှိ ခဲ့ လေ။ ကျင်း၌ စ ပျစ် သီး ကို နင်း တတ် သူ တို့ သည် မ နင်း မ ညှစ် ရ။ ပျော် ရွှင် သံ ကို လည်း ငါ ပြတ် စဲ စေ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဝ​ပြော​သော​လယ်​ပြင်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​ဥ​ယျာဉ်၌ သီ​ချင်း​မ​ဆို​ရ​ကြ။ မ​ကြွေး​ကြော်​ရ​ကြ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ စ​ပျစ်​သီး​ကို နင်း​သော​သူ​လည်း မ​နင်း​ရ။ ကြွေး​ကြော်​သော​အ​သံ​ကို​လည်း ငါ​ပြတ်​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်ခြံ​၌ ရွှင်လန်း​စွာ​သီချင်းဆို​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​လည်း​မ​ရှိ​။ စပျစ်သီးနယ်ရာကျင်း​၌ စပျစ်သီး​နင်းနယ်​သော​သူ​မ​ရှိ​။ ကြွေးကြော်​သံ​ကို ငါ​ရပ်စဲ​စေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 16:10
13 ပူးပေါင်းရင်းမြစ်များ  

သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။


လူ​တို့​သည်​လမ်း​များ​ပေါ်​တွင်​ရပ်​၍​စ​ပျစ် ရည်​ကို​အော်​ဟစ်​တောင့်​တ​လျက်​နေ​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကား​ထာ​ဝ​စဉ်​ကွယ် ပျောက်​သွား​တော့​၏။ ယင်း​ကို​ပြည်​တွင်း​မှ နှင်​ထုတ်​လိုက်​ကြ​လေ​ပြီ။-


သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-


အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။


ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။


စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။ သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။ လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။


သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-


စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။


သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။


ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ