Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 24:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သံလွင်ပင်တန်း​များ​ကြားတွင် ဆီကြိတ်​လျက်​၊ စပျစ်သီးနင်းနယ်​လျက်​နှင့်​ပင် ရေငတ်​နေ​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 လူ ဆိုး တို့၏ သံ လွင် ပင် ကြား တွင် ဆီ ကို ညှပ် ပေး၍၊ စ ပျစ် ကျင်း ကို ဖိ နင်း ရ လျက် ပင် ငတ် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သူ​တစ်​ပါး​အိမ်​မှာ ဆီ​ကို​ကြိတ်​လျက်၊ စ​ပျစ်​သီး​ကို​နင်း​နယ်​လျက် အ​ငတ်​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 24:11
7 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။


မြို့သား​တို့​သည် ညည်းတွား​လျက်​၊ ဒဏ်ရာ​ရ​သူ​တို့​သည်​လည်း အကူအညီ​အော်ဟစ်​တောင်းခံ​လျက် နေ​ရ​ပါ​၏​။ သို့သော် ထို​မတရားမှု​ကို ဘုရားသခင် အရေးစိုက်​တော်​မ​မူ​။


သူ​တို့​သည် ရေ​မျက်နှာပြင်​ပေါ်တွင် မျောပါ​သွား​လိမ့်မည်​။ သူ​တို့​၏​အမွေ​မြေ​သည် ကျိန်ဆဲ​ခံရ​သဖြင့် မည်သူ​မျှ ကိုယ့်​စပျစ်ခြံ​များ​သို့ သွား​ရ​တော့​မည်​မ​ဟုတ်​။


သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်ခြံ​၌ ရွှင်လန်း​စွာ​သီချင်းဆို​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​လည်း​မ​ရှိ​။ စပျစ်သီးနယ်ရာကျင်း​၌ စပျစ်သီး​နင်းနယ်​သော​သူ​မ​ရှိ​။ ကြွေးကြော်​သံ​ကို ငါ​ရပ်စဲ​စေ​ပြီ​။


မသမာ​သော​နည်း​ဖြင့် မိမိ​နန်းတော်​ကို တည်ဆောက်​သော​သူ​၊ မတရား​သော​နည်း​ဖြင့် ဘုံဗိမာန်​များ​ကို တည်ဆောက်​သော​သူ​၊ အမျိုးသားချင်း​တို့​ကို ခိုင်းစေ​ပြီး လုပ်အားခ​မ​ပေး​သော​သူ​၊


တလင်းနယ်​နေ​သည့် နွား​ကို ပါးချုပ်​မ​တပ်​ရ​။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ