ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။
ဟေရှာယ 14:2 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။ Common Language Bible လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် နေ ရင်း ပြည် သို့ ပို့ ဆောင် သော တစ် ပါး အ မျိုး သား တို့ ကို၊ ထာ ဝ ရ ဘု ရား၏ ပြည် တော် တွင် ကျွန် ယောက်ျား၊ ကျွန် မိန်း မ အ ဖြစ် ဖြင့် ပိုင် ရ သည့် အ တိုင်း၊ သုံ့ ပန်း ဖူး သူ တို့ ကို သုံ့ ဖမ်း၍၊ ညှဉ်း ပန်း ဖူး သူ တို့ ကို အုပ် စိုး ကြ လိမ့် မည်။ Judson Bible တစ်ပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တစ်ပါးအမျိုးသားတို့ကို ထာဝရဘုရား၏ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဖူးသော သူတို့ကို တစ်ဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။ |
ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
“အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် တိုင်းနိုင်ငံတို့ကို လက်မြှောက်ပြမည်။ လူမျိုးတကာတို့ကို အချက်ပြအလံ ထူပြမည်။ သူတို့သည် သင်၏သားတို့ကို လက်ထဲ၌ပွေ့ချီလာမည်။ သင်၏သမီးတို့ကို ပခုံးပေါ်၌ ထမ်းလာကြမည်။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အကယ်စင်စစ် ငါသည် စစ်သူရဲဖမ်းခေါ်သွားသောသူကို ဆောင်ယူခဲ့မည်။ ကြမ်းကြုတ်သောသူထံမှ လုယူပစ္စည်းကို ပြန်သိမ်းယူမည်။ သင့်ကိုရန်ပြုသောသူအား ငါကိုယ်တော်တိုင် ရန်ပြုမည်။ သင်၏သားသမီးတို့ကို ငါကိုယ်တော်တိုင် ကယ်တင်မည်။
အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ ပျံ့နှံ့ရောက်ရှိမည်။ သင်၏သားစဉ်မြေးဆက်တို့သည် တိုင်းနိုင်ငံတို့ကိုပိုင်ဆိုင်မည်။ လူသူကင်းမဲ့သောမြို့တို့၌ နေထိုင်ကြမည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ပတ်ပတ်လည်သို့မျှော်ကြည့်လော့။ လူအပေါင်းတို့သည်စုရုံး၍ သင့်ထံသို့လာကြပြီ။ သင်၏သားတို့သည် အဝေးကလာ၍ သင်၏သမီးတို့ကို ပွေ့ချီလာကြမည်။
သူစိမ်းတို့သည် သင်တို့ကို ခစား၍ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တိုင်းတစ်ပါးသားတို့သည် သင်တို့၏လယ်လုပ်သားများ၊ စပျစ်ခြံလုပ်သားများဖြစ်ကြလိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့ကသာလျှင် နိုင်ငံတော်ကို သိမ်းယူကြလိမ့်မည်။ ထိုနိုင်ငံကို ကာလအစဉ်အဆက်ပိုင်ဆိုင်ရလိမ့်မည်’ဟု ငါ့အား ပြောပြ၏။
သင်တို့၏သားသမီးများကို ယုဒအမျိုးသားတို့လက်သို့ ငါရောင်းပစ်မည်။ ယုဒအမျိုးသားတို့ကလည်း သူတို့ကို ရပ်ဝေးရှိ ရှေဘလူမျိုးတို့ထံသို့ ရောင်းပစ်လိမ့်မည်။ စင်စစ် ထာဝရဘုရား မိန့်တော်မူပြီ။”
သင်ပိုင်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် သင်တို့ဝန်းကျင်၌ရှိသောလူမျိုးခြားတို့ထဲမှဖြစ်ရမည်။ ထိုသူတို့ထဲမှ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သင်တို့ ဝယ်ယူရမည်။
သို့သော် ဇိအုန်တောင်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိလိမ့်မည်။ ထိုတောင်သည် သန့်ရှင်းရာတောင်ဖြစ်၍ ယာကုပ်အမျိုးအနွယ်တို့သည် အမွေအဖြစ် ပိုင်ဆိုင်ရလိမ့်မည်။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
စင်စစ် သူတို့အပေါ်၌ ငါ့လက်ကိုဝှေ့ယမ်းမည်။ သူတို့သည် သူတို့အစေအပါး၏လက်၌ လုယက်ပစ္စည်း ဖြစ်လိမ့်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်တို့သိရလိမ့်မည်။
သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်
သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။
ဘုရားသခင်ကိုသိသောဉာဏ်ကို ဆန့်ကျင်တားဆီးသည့် စဉ်းစားဆင်ခြင်မှုနှင့်မာန်မာနရှိသမျှတို့ကိုဖြိုဖျက်၍ ခပ်သိမ်းသောတွေးတောကြံစည်မှုများကို ဖမ်းဆီးချုပ်နှောင်ကာ ခရစ်တော်အား နာခံစေကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။