ဟေရှာယ 66:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ထာဝရဘုရားက``ငါသည်သင်တို့အား တည်မြဲသည့်စည်းစိမ်ချမ်းသာကိုပေးမည်။ လူမျိုးတကာတို့၏ပစ္စည်းဥစ္စာများသည် အဘယ်အခါ၌မျှမခန်းမခြောက်သည့် မြစ်ရေကဲ့သို့ သင်တို့ထံသို့စီးဆင်းလာ လိမ့်မည်။ သင်တို့သည်မိခင်ဖြစ်သူကချစ် ခင်ယုယစွာပိုက်ပွေ့လျက်နို့တိုက်ကျွေး သည့်ကလေးနှင့်တူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12 အ သို့ ဆို သော် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ချောင်း သ ဖွယ် ချမ်း သာ ကို လည်း ကောင်း၊ ပြည့် လျှံ သော မြစ် သ ဖွယ် လူ မျိုး ခြား တို့ ၏ စည်း စိမ် ကို လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရောက် ငါ စီး သွယ် စေ သ ဖြင့်၊ သင် တို့ သည် နို့ သက် ခံ လျက် ခါး ထစ် ချီ ခြင်း၊ ပေါင် ပေါ် တွင် မွေး မြူ ခြင်း ကို ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ချမ်းသာကိုလည်းကောင်း၊ စီးသောရေကဲ့သို့ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုလည်းကောင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။