အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 1:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​တွင် အသက်ရှင်​ကျန်ရစ်​သူ​အနည်းငယ်​ကို​မျှ ချန်ထား​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်၍ ဂေါမောရ​မြို့​နှင့်​တူ​ပေ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ ၌ အ နည်း ငယ် ကို ချန် ထား တော် မ မူ လျှင်၊ ငါ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း‌ ကောင်း၊ ဂေါ မော ရ မြို့ ကဲ့ သို့ လည်း‌ ကောင်း၊ ဖြစ် ခဲ့ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 1:9
37 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က​လည်း “​သောဒုံ​မြို့​ထဲ၌ ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​ကို ငါ​တွေ့​လျှင် သူ​တို့​အတွက်ကြောင့် ထို​အရပ်​တစ်ခုလုံး​ကို ငါ​ချမ်းသာ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် အာဗြဟံ​က “​အို ဘုရားရှင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ နောက်တစ်ကြိမ်​သာ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ ထို​အရပ်​တွင် ဆယ်​ယောက် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​ဆယ်​ယောက်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။


အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ရာဗရှာခ​၏​သခင်​အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​အလုံးစုံ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်းပတ္ထနာ​ပြု​ပါ’​ဟူ၍ မိန့်မှာ​သည်”​ဟု ပြောကြား​၏​။


ဇိအုန်​သမီး​သည် စပျစ်ခြံ​ထဲက တဲ​ကဲ့သို့​၊ သခွားခင်း​ထဲက ယာတဲ​ကဲ့သို့​၊ ရန်သူဝိုင်း​ထား​သော​မြို့​ကဲ့သို့ ကျန်ရစ်​ခဲ့​လေ​၏​။


ထို​နေ့ရက်​၌ ဘုရားရှင်​သည် အဆီးရီးယား​ပြည်​၊ အီဂျစ်​ပြည်​၊ ပါသရု​ပြည်​၊ အီသီယိုးပီးယား​ပြည်​၊ ဧလံ​ပြည်​၊ ရှိနာ​ပြည်​၊ ဟာမတ်​ပြည်​နှင့် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​မှ ကြွင်းကျန်​နေ​သော မိမိ​၏​လူမျိုး​တော်​တို့​ကို ပြန်သိမ်းယူ​ရန် ဒုတိယအကြိမ် လက်​ကို​ဆန့်​တော်မူ​မည်​။


အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​၌ သူ​တို့​အတွက် လမ်းမကြီး​ဖြစ်​ခဲ့​သကဲ့သို့ အဆီးရီးယား​ပြည်​မှ အသက်ရှင်​ကျန်ရစ်​သော​လူမျိုး​တော်​အတွက် လမ်းမကြီး​ဖြစ်​လိမ့်မည်​။


သံလွင်သီး​ကို​ရိုက်ခြွေ​သောအခါ အပင်​ထိပ်ဖျား​၌ သံလွင်သီး​နှစ်​လုံး​သုံး​လုံး​၊ အသီး​များ​သော အခက်အလက်​တို့​၌ လေး​ငါး​လုံး ကောက်သင်းကောက်​ရန်​ကြွင်းကျန်​သကဲ့သို့ ကြွင်းကျန်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သံလွင်သီး​ကို​ရိုက်ခြွေ​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း​၊ စပျစ်သီး​ဆွတ်ခူး​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ကမ္ဘာမြေကြီး​အလယ်​ရှိ တိုင်းနိုင်ငံ​တို့​တွင် ထိုသို့ ဧကန်အမှန်​ဖြစ်​လိမ့်မည်​။


ထို့ကြောင့် ကျိန်​ခြင်း​သည် ကမ္ဘာမြေကြီး​ကို လောင်ကျွမ်း​လေ​ပြီ​။ မြေကြီးသား​တို့​အပေါ် အပြစ်​သက်ရောက်​လေ​ပြီ​။ မြေကြီးသား​တို့​ကို အမျက်မီး​လောင်ကျွမ်း​၍ လူ​အနည်းငယ်​သာ ကြွင်းကျန်​၏​။


ရာဗရှာခ​၏​သခင် အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်း​ပတ္ထနာပြု​ပါ’​ဟူ၍ မိန့်မှာ​သည်​”​ဟု ပြောကြား​၏​။


အို ယာကုပ်​အမျိုးအနွယ်​တို့​၊ ကြွင်းကျန်​သော​အစ္စရေး​အမျိုးသား​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဝမ်းဗိုက်​ထဲကပင် သင့်​ကို ငါ​လွယ်​ထား​၏​။ မွေးစ​ကပင် သင့်​ကို ငါ​ချီမ​ထား​၏​။


သပိတ်ပင်​နှင့်​ဝက်သစ်ချပင်​တို့​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ အငုတ်​သာ​ကျန်​သကဲ့သို့ ဆယ်ပုံတစ်ပုံ​သာ​ကြွင်းကျန်​သော​ထို​ပြည်​သည် ထပ်၍​ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ သန့်ရှင်း​သော​အမျိုးအနွယ်​သည် အငုတ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​စပျစ်ဝိုင်​အသစ်​ထွက်​နိုင်​သေး​သော စပျစ်ခိုင်​ကို တွေ့ရှိ​သောအခါ ‘​မ​ဖျက်ဆီး​နှင့်​၊ ကောင်းချီးမင်္ဂလာ​ရှိ​သည်​’​ဟု လူ​တို့​ပြောဆို​တတ်​၏​။ ငါ​သည်​လည်း ငါ့​အစေအပါး​တို့​ကို​ထောက်၍ ထို့အတူ​ပြု​မည်​။ ငါ​သည် အကုန်အစင်​မ​ဖျက်ဆီး​။


ဂျေရုဆလင်​ပရောဖက်​တို့​တွင်​လည်း ကြောက်မက်ဖွယ်​ရာ​ကို ငါ​တွေ့​ပြီ​။ သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ မုသား​လမ်း​ကို လိုက်လျှောက်​ကြ​၏​။ ဆိုးညစ်​သူ​တို့​ကို အားပေး​သောကြောင့် မည်သူ​မျှ မိမိ​မကောင်းမှု​မှ နောင်တ​မ​ရ​ကြ​။ ပရောဖက်​အားလုံး​သည် ငါ့​ရှေ့​၌ သောဒုံ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့သား​တို့​သည်​လည်း ဂေါမောရ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။


ပရောဖက်​ယေရမိ​ထံသို့​လာ​၍ “​အရှင့်​ထံ အကျွန်ုပ်​တို့ အသနားခံ​ပါ​သည်​။ အရှင်​မြင်​သည့်​အတိုင်း လူ​အများ​သည် ယခု​အနည်းငယ်​သာ​ကျန်​ပါ​သည်​။ အကျွန်ုပ်​တို့​နှင့် ဤ​ကြွင်းကျန်​သော​လူ​အားလုံး​တို့​အဖို့ ထာဝရအရှင်​ဘုရားသခင်​ထံ ဆုတောင်း​ပေး​ပါ​လော့​။


ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။


မည်သူမျှ​မ​တိုက်ခိုက်​ဘဲ တစ်ခဏအတွင်း ပြိုလဲ​သွား​သော သောဒုံ​မြို့​ခံရ​သော​အပြစ်ဒဏ်​ထက် ငါ့​လူမျိုး​သမီးပျို ခံရ​သော​အပြစ်ဒဏ်​သည် ကြီးလေး​ပါ​သည်​တကား​။


“သို့သော် ထို​ပြည်​ထဲ၌ လွတ်မြောက်​၍​ကြွင်းကျန်ရစ်​သော သား​သမီး​အချို့​တို့​သည် ထုတ်ဆောင်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ထံ​ရောက်လာ​၍ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို သင်​တို့​မြင်​ရ​လိမ့်မည်​။ ထိုအခါ ဂျေရုဆလင်​မြို့​အပေါ် ငါ​ကျရောက်​စေ​ခဲ့​သော​ဘေးအန္တရာယ် အလုံးစုံ​တို့​အတွက် သင်​တို့​စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။


သို့သော် အပြည်ပြည်​သို့ သင်​တို့​ကွဲလွင့်​သွား​သောအခါ လူမျိုးခြား​တို့​အလယ်​တွင် ဓားဘေး​မှ​လွတ်မြောက်​သော​သူ​ကို ငါ​ကြွင်းကျန်​စေ​မည်​။


ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။


“သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​သကဲ့သို့ သင်​တို့​ကို ငါ​ဖျက်ဆီး​ပစ်​၏​။ သင်​တို့​သည် မီး​ထဲမှ ဆွဲထုတ်​လိုက်​သော​ထင်းစ​ကဲ့သို့​ဖြစ်​ခဲ့​ရ​၏​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော့်​အကြောင်း​ကို​ကြား​ရ​၍ အကျွန်ုပ်​ကြောက်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထပ်မံ​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထင်ရှား​စေ​တော်မူ​ပါ​။ အမျက်​ထွက်​သော်လည်း ကရုဏာ​တော်​ကို ပြန်လည်​အောက်မေ့​တော်မူ​ပါ​။


ထို့ကြောင့် ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မောဘ​ပြည်​သည် သောဒုံ​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် ဂေါမောရ​မြို့​ကဲ့သို့ ဆူးတော​၊ ဆား​တွင်း​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​လိမ့်မည်​။ ကြွင်းကျန်​သော ငါ့​လူမျိုး​တော်​တို့​သည် သူ​တို့​ကို တိုက်ခိုက်​ကြ​လိမ့်မည်​။ အသက်ရှင်​ကျန်ရစ်​သော ငါ့​လူမျိုး​တော်​တို့​သည်​လည်း ထို​ပြည်​တို့​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်”​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အသက်ရှင်​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်းတမ်း​၏။ ထို​တံခါး​ကို​တွေ့ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။


ဟေရှာယ​က​လည်း အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍ “အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​သည် ပင်လယ်​သဲပွင့်​များ​နှင့်အမျှ​ရှိ​သော်လည်း ကျန်ရစ်​သော​သူ​မျှသာ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


ထို့ပြင် ဟေရှာယ​က “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ငါ​တို့​အတွက် အမျိုးအနွယ်​ကို​ချန်ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်​ခဲ့​၍ ဂေါမောရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု ကြိုတင်​ပြော​ထား​သည့်​အတိုင်း​ဖြစ်​၏။


‘​ထို​ပြည်​တစ်ပြည်လုံး​သည် ကန့်​နှင့်​ဆား မီးလောင်​ထား​သကဲ့သို့​ဖြစ်၍ မျိုးကြဲ​၍​မ​ရ​၊ အစို့အညှောက်​မ​ထွက်​နိုင်​၊ မြက်ပင်​လည်း​မ​ပေါက်​နိုင်​ဘဲ ထာဝရဘုရား​၏​ပြင်း​စွာ​သော​ဒေါသအမျက်​တော်​ဖြင့်​ဖြိုလှဲ​ခဲ့​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​၏​ပျက်စီး​ခြင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။


ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။


သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။