၂ ပေ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ဘု ရား တ ရား မဲ့ နေ သူ တို့ အား ပုံ စံ ထား ရန် သော ဒုံ နှင့် ဂေါ မော ရ မြို့ များ ကို ဒဏ် ခတ် သ ဖြင့် ပြာ ပုံ အ ဖြစ် ဖြို လှဲ တော် မူ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible6 သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့နောက် သောဒုံနှင့် ဂေါမောရမြို့တို့ကို ပြာကျသည့်တိုင် မီးရှို့လျက် ပြစ်ဒဏ်စီရင်တော်မူ၍ ဘုရားတရားမဲ့သောသူတို့ထံ ကျရောက်မည့်ဘေး၏ နမူနာအဖြစ် ဖော်ပြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။