အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
ဟေဗြဲ 7:19 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ Common Language Bible မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ Garrad Bible ဘု ရား သ ခင် အ ပါး တော် သို့ ချဉ်း ကပ် ခွင့် ရ စေ သော သာ၍ မြတ် သည့် မျှော် လင့် ခြင်း တ ရား ကို ထပ် ပေး တော် မူ၏။ Judson Bible ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ ပြီးပြည့်စုံအောင်မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်၏။ ယခုတွင်မူ ပို၍ကောင်းသောမျှော်လင့်ချက် ရှိလာသဖြင့် ကျွန်ုပ်တို့သည် ထိုမျှော်လင့်ချက်ဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြ၏။ |
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
အကျွန်ုပ်ဆုတောင်းသောအခါ ကိုယ်တော်သည် အနားသို့လာ၍ “မကြောက်နှင့်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။
ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
ဘုရားသခင်သည် ငါတို့အတွက် သာ၍မြတ်သောအရာကို ကြိုတင်ပြင်ဆင်ပေးတော်မူသည်ဖြစ်၍ သူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်နိုင်ရာ။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
သို့သော် ယခုအခါ ကိုယ်တော်သည် သာ၍မြတ်သောကတိတော်များအပေါ်အခြေခံထားသည့် သာ၍မြတ်သောပဋိညာဉ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူသည်နှင့်အညီ သာ၍ထူးမြတ်သောအမှုတော်ကိုရရှိတော်မူ၏။
ထိုတဲတော်သည် ဤမျက်မှောက်ကာလအတွက် ပုံဥပမာဖြစ်၍ ပူဇော်သောပူဇော်သက္ကာနှင့်ယဇ်တို့သည် ဝတ်ပြုသူ၏အသိစိတ်ကိုမစုံလင်စေနိုင်ကြောင်း ဖော်ပြ၏။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။