ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ဟေဗြဲ 11:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။ Common Language Bible ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။- Garrad Bible ထပ် မံ၍ မည် သို့ ပြော ဆို ရ ဦး မည် နည်း။ ဂိ ဒေါင်၊ ဗာ ရက်၊ ရှံ ဆုံ၊ ယေ ဖ သ၊ ဒါ ဝိဒ်၊ ရှ မွေ လ မှ စ၍ ပ ရော ဖက် တို့ အ ကြောင်း ပြန် ကြား လျှင် အ ချိန် လောက် မည် မ ဟုတ်။ Judson Bible ထိုမှတစ်ပါး၊ အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူ့အကြောင်းကို ဆက်၍ ဥပမာ ပေးရမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်း အသေးစိတ်ပြောရန် ကျွန်ုပ်တွင် အချိန်မရှိပါ။ |
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
သို့သော် အာဗြဟံက ‘သူတို့သည် မောရှေနှင့်ပရောဖက်တို့၏စကားကိုနားမထောင်လျှင် တစ်စုံတစ်ယောက်သည် သေသောသူတို့ထဲမှ ထမြောက်လျှင်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ယေရှုပြုတော်မူသော အခြားအမှုအရာများစွာရှိသေး၏။ ထိုအမှုအရာများကို တစ်ခုချင်းရေးထားပါက ဤကမ္ဘာကြီး၌ပင် ထိုရေးထားသောကျမ်းဂန်များဆန့်မည်မဟုတ်ဟု ငါထင်မှတ်၏။
ထိုအရှင်နှင့်ပတ်သက်၍ ပရောဖက်အားလုံးတို့သည်လည်း ‘ကိုယ်တော်ကိုယုံကြည်သောသူတိုင်း ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရ၏’ဟု သက်သေခံကြ၏”ဟူ၍ ပြောဆိုလေ၏။
ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့်ကြာ၏။ ထို့နောက် ပရောဖက်ရှမွေလခေတ်တိုင်အောင် သူတို့အား တရားသူကြီးများကို ပေးတော်မူ၏။
ရှမွေလမှစ၍ သူ့နောက်မှ အဆက်ဆက်ပေါ်ထွန်းသောပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်ကာလအကြောင်းကို ဟောပြောလျက်ကြေညာကြ၏။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
ထိုသို့ဖြစ်လျှင် သွေးသားဇာတိအားဖြင့် ငါတို့အဖအာဗြဟံ ခံစားရရှိသည့်အရာနှင့်ပတ်သက်၍ မည်သို့ဆိုရမည်နည်း။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ကျေးဇူးတော်များပြားစေရန် ငါတို့သည် အပြစ်ထဲ၌ဆက်၍တည်ရမည်လော။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
ဤသည်ကား သန့်ရှင်းသောပရောဖက်များ ကြိုတင်ပြောထားသောစကားတို့ကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ရရှိထားသည့် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောအရှင်၏ပညတ်တော်ကိုလည်းကောင်း သင်တို့ပြန်လည်သတိရစေရန်ဖြစ်၏။
ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို မွေးဖွား၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။
ဖိလိတ္တိလူမျိုးတို့လက်ထက်၌ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်လေ၏။
ဧဟုဒ သေဆုံးသွားပြီးနောက် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုပြုကြပြန်၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
ထာဝရဘုရားသည် သူ့ကိုကြည့်၍ “သင့်ကို ငါစေလွှတ်သည် မဟုတ်လော။ သင်၌ရှိသောခွန်အားဖြင့် အစ္စရေးလူမျိုးတို့ကို မိဒျန်လူမျိုးလက်မှ သွား၍ကယ်တင်လော့”ဟု မိန့်တော်မူ၏။
အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန်၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။
ထို့နောက် ဧလကာနသည် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာ၏။ သူငယ်မူကား ယဇ်ပုရောဟိတ်ဧလိထံပါး၊ ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုထမ်းဆောင်လေ၏။
သူငယ်ရှမွေလသည် ဧဖုဒ်ပိတ်ချောကိုဝတ်ဆင်၍ ထာဝရဘုရားရှေ့တော်တွင် အမှုတော်ထမ်းဆောင်လျက်ရှိ၏။
သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။