ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
ဟောရှေ 9:6 - မြန်မာ့စံမီသမ္မာကျမ်း ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။ Common Language Bible ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။ Garrad Bible ဘေး ဆိုး မှ ထွက် ပြေး ခဲ့ သော် လည်း၊ အိ ဂျစ် ပြည်၌ စု ပုံ ခြင်း၊ မင် ဖိ မြို့၌ မြေ မြှုပ် ခြင်း ကို ခံ ရ ကြ လ တ္တံ့။ ဆူး ပင် သည် နေ ရင်း အိမ် များ ကို လည်း ကောင်း၊ ပေါင်း ပင် သည် ငွေ ရ တ နာ များ ကို လည်း ကောင်း၊ ဖုံး လွှမ်း လိမ့် မည်။ Judson Bible ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ။ အဲဂုတ္တုပြည်၌စု၍ မင်ဖိမြို့၌ သင်္ဂြိုဟ်ကြလိမ့်မည်။ ငွေတန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုးတို့သည် လွှမ်းမိုးကြလိမ့်မည်။ |
ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ကြည့်ရှုလော့။ ဆူးပင်များအပြည့်ပေါက်လျက် တစ်ပြင်လုံးပေါင်းပင်များဖုံးလွှမ်းကာ ၎င်း၏ကျောက်တံတိုင်းလည်း ပြိုပျက်လျက်ရှိ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ဇောနမြို့၏အကြီးအကဲတို့သည် မိုက်မဲကြပြီ။ မင်ဖစ်မြို့၏အကြီးအကဲတို့သည် လှည့်စားကြပြီ။ အီဂျစ်ပြည်၏ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတို့ကို လမ်းလွဲစေကြပြီ။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ထိုပြည်၏ခံတပ်များ၌ ဆူးပင်များပေါက်လိမ့်မည်။ ရဲတိုက်များ၌ ဖက်ယားပင်၊ ဆူးချုံရိုင်းများ ပေါက်လိမ့်မည်။ ထိုပြည်သည် ခွေးအတို့ကျက်စားရာ၊ ငှက်ကုလားအုတ်တို့နေထိုင်ရာ ဖြစ်လိမ့်မည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။
မင်ဖစ်မြို့သား၊ တာပနက်မြို့သားတို့သည်လည်း သင်၏ဦးထိပ်ကို ထိုးဖောက်ကြပြီ။
ထို့ကြောင့် သင်တို့သွားရောက်နေထိုင်မည့်ပြည်၌ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရမည်ကို အသေအချာမှတ်ထားကြလော့”ဟု ပြောဆိုလေ၏။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
ငါသည် ဂျေရုဆလင်မြို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ဒဏ်ခတ်သကဲ့သို့ အီဂျစ်ပြည်၌ နေထိုင်သောသူတို့ကိုလည်း ဒဏ်ခတ်မည်။
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
အီဂျစ်ပြည်၌နေထိုင်သောသမီးပျို၊ အထုပ်အပိုးပြင်ဆင်ထားလော့။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်။ မင်ဖစ်မြို့သည် ဖျက်ဆီးခံရ၍ နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
အီဂျစ်ပြည်ကို မီးရှို့ပစ်လိုက်သောအခါ သိန်မြို့ အလူးအလိမ့်ခံရမည်။ နောမြို့ ပြိုပျက်သွားမည်။ မင်ဖစ်မြို့ အစဉ်ဆင်းရဲဒုက္ခခံရမည်။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် သူသွားမည့်လမ်းကို ဆူးပင်များနှင့် ငါကာထားမည်။ သူသွားမည့်လမ်းကို ရှာမတွေ့အောင် တံတိုင်းကာထားမည်။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။
သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ကုန်သည်အပေါင်းတို့ကို သုတ်သင်၍ ငွေချိန်သူအပေါင်းတို့ကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့် အို မတ္တေရှအရပ်သားတို့၊ ညည်းတွားကြလော့။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။