ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ဟောရှေ 8:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။ Common Language Bible သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။ Garrad Bible လူ မျိုး ခြား တို့ တွင် ထို သို့ ငှား သော် လည်း၊ ငါ သိမ်း သွား သည့် အ လျောက်၊ ဘု ရင် ထက် ဘု ရင် တင် သော ဝန် အ တွက် ကြောင့်၊ ယ ခု က စ၍ သိမ် ငယ် ကြ လိမ့် မည်။ Judson Bible တစ်ပါးအမျိုးသားတို့အား ငှားသော်လည်း၊ ချက်ချင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မီ ရှင်ဘုရင်နှင့် မင်းများတင်သောဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့်မည်။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
ထို့နောက် ရာဗရှာခသည် မတ်တတ်ရပ်၍ ယုဒဘာသာစကားဖြင့် “အဆီးရီးယားဘုရင်မင်းမြတ်ကြီး၏အမိန့်တော်ကို နားထောင်ကြလော့။
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
လူတို့သည် ငွေ၊ ကြေးနီ၊ သံ၊ ခဲ၊ သံဖြူတို့ကို မီးပြင်းဖိုထဲသို့ထည့်ပြီး မီးမှုတ်အရည်ကြိုသကဲ့သို့ သင်တို့ကိုစုပြီး ငါ့အမျက်ဒေါသမီးထဲထည့်၍ သင်တို့ကို အရည်ကြိုမည်။
အဟောလသည် ငါ့အပိုင်ဖြစ်လျက်နှင့် ပြည့်တန်ဆာလုပ်၏။ သူချစ်သော အိမ်နီးချင်းအဆီးရီးယားလူမျိုးကိုစွဲမက်၍ သူ့ထံချဉ်းကပ်၏။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
ငါစိတ်တိုင်းကျ သူတို့ကို ဆုံးမမည်။ သူတို့ကျူးလွန်ခဲ့သောအပြစ်နှစ်မျိုးထဲ၌ နစ်မွန်းနေစဉ် လူမျိုးခြားတို့သည် စုရုံး၍ သူတို့ကိုဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည်။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
မကြာမီအချိန်တွင် ငါသည် ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် ကုန်းမြေတို့ကို လှုပ်ခါဦးမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။