၄ ရာ 14:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible26 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။- အခန်းကိုကြည့်ပါ။Garrad Bible26 ဣ သ ရေ လ နိုင် ငံ တွင် အ ကျဉ်း သား၊ အ လွတ် သား မ ကျန်၊ မ စ နိုင် သူ တစ် ယောက် မျှ မ ရှိ ဘဲ၊ ပြင်း ပြ စွာ ရှုတ် ချ ခံ ရ သည် ကို ရှု မှတ် တော် မူ သော ထာ ဝ ရ ဘု ရား သည် အခန်းကိုကြည့်ပါ။Judson Bible26 အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကိုလည်းကောင်း၊ မြို့၌ အချုပ်ခံရသော သူဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ ဣသရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကိုလည်းကောင်း၊ ထာဝရဘုရားသည်မြင်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။