၄ ရာ 17:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာစစ်ချီ လာသောအခါ ဟောရှေသည်အရှုံးပေးပြီး လျှင်နှစ်စဉ်နှစ်တိုင်းအခွန်ဘဏ္ဍာဆက်သ လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 အာ ရှု ရိ ဘု ရင် ရှာ လ မ နေ ဇာ မင်း စစ် ချီ လာ ရာ ဟော ရှေ မင်း သည် ပ ဏ္ဏာ ဆက် သွင်း၍ လက် အောက် ခံ ဖြစ် ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible3 ထိုမင်းကို အာရှုရိရှင်ဘုရင် ရှာလမနေဇာသည်စစ်ချီ၍ ဟောရှေသည်ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။