ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။
ဟောရှေ 3:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။ Common Language Bible တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ ခြား ဘု ရား များ သို့ လွှဲ သွား လျက်၊ စ ပျစ် ပြဉ် ဘော ဇဉ် ကို နှစ် သက် သော ဣ သ ရေ လ အ မျိုး သား တို့ အား၊ ငါ ထာ ဝ ရ ဘု ရား မြတ် နိုး သည့် နည်း တူ၊ ပေါင်း သင်း ကြ သူ အ ချစ် ကို ခံ၍၊ မျောက် မ ထား သော ထို မိန်း မ ကို၊ ပြန်၍ ချစ် ဦး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ |
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။
သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
သို့သော် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သောဘုရားဖြစ်တော်မူ၍ မေတ္တာကရုဏာတော်ကြီးမားသောကြောင့် သူတို့ကို အဆုံးတိုင် မဖျက်ဆီးခဲ့။ သူတို့ကို စွန့်ပစ်တော်မမူခဲ့။
ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။
နောက်တစ်နေ့၌ လူတို့သည် စောစောထ၍ မီးရှို့ရာယဇ်ကိုပူဇော်၏။ မိတ်သဟာယယဇ်ကိုဆက်ကပ်ကြ၏။ ထို့နောက် ထိုင်၍စားသောက်ကြ၏။ ထ၍လည်းကခုန်ပျော်ပါးကြ၏။
အချစ်နာကျနေသောအကျွန်ုပ်ကို စပျစ်သီးခြောက်ကျွေး၍ အားဖြည့်ပေးပါ၏။ ပန်းသီးကျွေး၍လည်း လန်းဆန်းစေပါ၏။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
ဘုရင်ပွဲခံသောနေ့မျိုးတွင် မှူးမတ်တို့သည် စပျစ်ဝိုင်သောက်၍ ယစ်မူးကြကုန်၏။ ဘုရင်သည်လည်း လှောင်ပြောင်ရယ်မောသောသူတို့နှင့်အတူ ပျော်ပါးနေ၏။
ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။
ယောသပ်အမျိုးပျက်စီးသွားသည်ကို ဝမ်းမနည်းဘဲ အကောင်းဆုံးဆီမွှေးကိုလိမ်းကျံပြီး စပျစ်ဝိုင်ကို ဖလားလိုက်သောက်လျက်နေကြ၏။
ငါမူကား ထာဝရဘုရားကို မျှော်ကြည့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ကိုးစားမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားညောင်းတော်မူမည်။
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
ယေရှုကလည်း“အဆွေ၊ သင်လာသည့်အကြောင်းကိစ္စကိုဆောင်ရွက်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
“လူတို့သည် ထိုင်၍စားသောက်ကြ၏။ နောက်တစ်ဖန် ထ၍ကခုန်မြူးထူးကြ၏”ဟု ရေးထားသည့်အတိုင်း သင်တို့သည် ထိုသူအချို့တို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများ မဖြစ်ကြလေနှင့်။
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။