Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 2:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 စား ဖွယ် သောက် ဖွယ်၊ သိုး ချည်၊ လျှော် ချည် နှင့် တ ကွ၊ ဆီ၊ စ ပျစ် ရည် ကို ပေး လေ့ ရှိ သော ခင် မင် သူ တို့ ကို၊ ကျွန် မ လိုက် ရှာ မည် ဟု ကြံ စည် အောက် မေ့ သူ အ မိ သည်၊ အ ရှက် တ ကွဲ မှား ယွင်း ခဲ့ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 2:5
33 ပူးပေါင်းရင်းမြစ်များ  

သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။


ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။


အို ယုဒ​ပြည်​၊ သင်​၏​မြို့​အရေအတွက်​များပြား​သည်​နှင့်အမျှ သင်​၏​ဘုရား​တို့​သည်​လည်း​များပြား​၏​။ ဂျေရုဆလင်​မြို့​ရှိ​လမ်း​အရေအတွက်​နှင့်အမျှ ရှက်ဖွယ်​သော​ဘုရား​အတွက် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​၊ ဗာလ​ဘုရား​အတွက် နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​သည်​လည်း များပြား​၏​။


သင်​သည် မိမိ​စိတ်​ထဲ၌ “​အဘယ်ကြောင့် ဤသို့​ဖြစ်​ရ​သနည်း​”​ဟု တွေး​လျှင် သင်​၏​ဒုစရိုက်​များ​ကြောင့် သင်​အဝတ်​အချွတ်​ခံရ​၏​၊ သင်​အကြမ်းဖက်​ခံရ​၏​။


“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။


အို ဂျေရုဆလင်​မြို့​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို​ခံယူ​လော့​။ သို့မဟုတ်လျှင် သင့်​ကို ငါ​စွန့်ခွာ​သွား​မည်​။ သင့်​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ပြည့်တန်ဆာမ​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​လော့​။


သင့်​ကို သူ​တို့​လက်​သို့​အပ်​လိုက်​မည်​။ သူ​တို့​သည် သင်​၏​ကွန်းခိုရာ​ကို ဖြိုချ​ပစ်​မည်​၊ သင်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ သင့်​အဝတ်​များ​ကို​ချွတ်​၍ လက်ဝတ်ရတနာ​များ​ကို​ယူ​ပြီးလျှင် အဝတ်မပါ​အချည်းစည်း ပစ်​ထား​ကြ​လိမ့်မည်​။


သင်​မွေးဖွား​ခြင်း​အကြောင်း​ကို​ဆို​ရ​လျှင် သင်​မွေး​သော​နေ့​၌ သင့်​ကို ချက်ကြိုး​မ​ဖြတ်​ပေး​၊ ရေချိုး​သန့်စင်​မ​ပေး​၊ ဆား​မ​လူး​ပေး​၊ အနှီး​ဖြင့် မ​ပတ်ရစ်​ပေး​။


ဦးစွာ​ဟောရှေ​အားဖြင့် ထာဝရဘုရား​မိန့်ဆို​ရာ​တွင် ထာဝရဘုရား​က ဟောရှေ​အား “​သင်​သွား​၍ ပြည့်တန်ဆာ​မိန်းမ​တစ်ဦး​နှင့်​စုံဖက်​ပြီးလျှင် ပြည့်တန်ဆာ​သားသမီး​တို့​ကို မွေးဖွား​လော့​။ အကြောင်းမူကား ပြည်​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​လျက် ထာဝရဘုရား​ထံမှ လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


“သင်​တို့​၏​မိခင်​ကို အပြစ်တင်​ကြ​။ သူ​သည် ငါ့​မယား​မ​ဟုတ်​။ ငါ​သည်​လည်း သူ့​ခင်ပွန်း​မ​ဟုတ်​ကြောင်း ပြောပြ​ကြ​လော့​။ ပြည့်တန်ဆာ​လုပ်ရပ်​တို့​ကို ဖယ်ရှား​၍ သူ့​သားမြတ်​နှင့် မှားယွင်းမှုပြု​ခြင်း​ကို ရပ်တန့်​စေ​လော့​။


သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် နေ့​အချိန်​၌ ခလုတ်တိုက်​လဲ​လိမ့်မည်​။ ညအချိန်​တွင် ပရောဖက်​သည်​လည်း သင်​နှင့်အတူ ခလုတ်တိုက်​လဲ​လိမ့်မည်​။ သင့်​အမိ​ကို​လည်း ငါ​ဖျက်ဆီး​မည်​။


အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။


“တောကန္တာရ​ရှိ စပျစ်သီး​ကဲ့သို့ အစ္စရေး​ကို ငါ​တွေ့​ခဲ့​၏​။ အဦးဆုံး​သီး​၍ အဦးဆုံးမှည့်​သော​သဖန်းသီး​ကဲ့သို့ သင်​တို့​၏​ဘိုးဘေး​တို့​ကို​လည်း ငါ​မြင်​ခဲ့​၏​။ သို့သော် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ထံသို့​သွား​ပြီး မိမိ​တို့​ကိုယ်​ကို ရှက်ဖွယ်​သော​အရာ​လက်​သို့ အပ်လိုက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် သူ​တို့​ချစ်​သော​အရာ​ကဲ့သို့ ရွံရှာဖွယ်​ရာ​ဖြစ်​လေ​၏​။


ထို​နေ့ရက်​တွင် လှပ​သော​အပျိုကညာ​များ​နှင့် လူပျို​များ ရေငတ်​သောကြောင့် အားယုတ်​ကြ​လိမ့်မည်​။


ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ